***ချစ်သူပျော်ရာ***နွေးထွေးစွာကြိုဆိုပါ၏***ချစ်တဲ့သူတိုင်းငြား၍***ငြားတဲ့သူတိုင်း***ချစ်နိုင်ကြပါစေ***
Wednesday 18 December 2013

(မျက်ရည်ငိုသောမိုး)

(မျက်ရည်ငိုသောမိုး)

ပြာရီမှုန်ဖျန်း................ ဝေဟင်နန်းဝယ်
လျှပ်ပန်းယှက်ဖြာ ............မိုးမာလာသည်
ရင်မှာမျိုသိပ်................
...အလွမ်းစိတ်ကို
ကျိတ်ခဲမနိုင်.................
...ဖွင့်ကာလှိုင်ဝေ
ငေးငိုင်တွေစိတ်...............
ဖြေသိမ့်မရ
် ဆွေးမာနကို...................လ
ှလှသီထို
မျက်ရည်မိုးသွင်................သွန်းဖြိုးဆင်သည်
နေမင်းရှင်က....................စိမ်းသောကြောင့်။
ဝမ်းနည်းလျှက်........ ။
Readmore
Thursday 15 August 2013

***သတိမမူ ဂူမမြင်*** ^^^^^^^^^^^^^^^

***သတိမမူ ဂူမမြင်***
^^^^^^^^^^^^^^^

**ကောင်း ကင် တ ၀င့်
တောင် ပန် ဖွင်. လျှက်
မာန် လွင့် ပျံ တက်
အ စာ ချက် ဖို့
သိန်း ငှက် အ ပြုံး
အာ ကာ ဆုံး က
မျက် လုံး စုံ ခဲ
မြေ ထက် ၀ဲ ပြီ........။

** အ န္တ ရာယ် မ မြင်
မာန် စွယ် ၀င် ကာ
ဆင် ခြင် နှ လုံး
သူ မ သုံး ဘဲ
ဥာဏ် တုံး ပါ ဘိ
သူ မသိ ရှာ
မြေ ထိ ပျံ ၀ဲ
ကုတ် ဆွဲ မြွေ ကောင်
ခြေ သို့ မျှောင် လျှက်
ယူ ဆောင် ရွေ့  လျှား
ကောင်း ကင် ဖျား ဆီ......။

**အ ခက် ကြုံ ပေ
သူ့ ကိုယ် တွေ မှာ
ထို မြွေ ရစ် ပတ်
သ တိ လှပ် တော့
ကိုယ့် ဇာတ် မ နိုင်
ဥာဏ် မ ခိုင် ဘဲ
ယိမ်း ယိုင် လဲ ထိုး
သေ ပွဲ တိုး ရှာ
သိန်း ငှက် မှာ လေ.......။

**အ သင် လူ သား
သ တိ ထား ဖို့
မှတ် သား စေ ရာ
ဥ ပ မာ နှင့်
ခိုင် မာ နှ လုံး
ဥာဏ် ကို သုံး ၍
စွဲ မြဲ သ တိ
ဝေ ဖန် ကြည့် လော့.........။

(စိုးမိုး)
Readmore
Tuesday 6 August 2013

ဒီမိုကရေစီအရေးတော်ပုံ

                             
၈၈ မိုင် ရှုခင်းမှာ

ကျီးကန်းတအုပ်

ခွေးသေကောင်ပုပ်ကို

ရေစုန်မှာ ဖောင်လုပ်စီးလို့



၈၈ မိုင်ရှုခင်းမှာ

ရန်သူက ဝါရှင်တန်ဒီစီအထိ တက်သိမ်းထားပြီး

သူရဲကောင်းတွေက ကမ္ဘာလှည့်လို့

သူတော်ကောင်းတွေက ရွှေတိဂုံဘုရားဖူးထွက်လို့



၈၈ မိုင်ရှုခင်းမှာ

တောင်ကွယ်နေစွယ်ချိန် တိမ်အိုတိမ်မင်းတွေ

လူသတ်ကုန်းကို ပြခန်းစောင့်လုပ်လို့


ဆိုင်းသံဗုံသံတွေအောက်မှာ

အတိတ်ကို လူသတ်အလောင်းဖျောက်လို့

ပစ္စုပ္ဗန်ငရဲပျက်ကို တိတ်တိတ်ပုန်း ကိုယ်ဝန်ဖျက်လို့

အများပြည်သူသဘောမတူ

အမိန့်အာဏာဟူသမျှ ဖီဆန်ကြကနေ

မီးလောင်ဗုံးမဟုတ်ဘူး မီးခုံးဗုံး

၈၈ မိုင်ရှုခင်းကနေ

တပ်တော်ဦးဆီမျှော်ကြည့်တော့



၈၈ မိုင်ရှုခင်းရဲ့ အနာတရမြေပုံကို

တစချင်း ဆက်စပ်ကြည့်မိတော့

သမိုင်းပါမက

ပထဝီပါကွေးလို့
post by fb_Arakan Thein
Readmore
Monday 29 July 2013

>>>My Endless Love>>

>>>My Endless Love>>
I loved you the moment
I saw your precious face.
You took hold of my heat;
made it your own special place.
No one comes before you
And no one love more.
When you came into my life,
You made my spirit soar.
I can love youUntil the day i die.
I pray you will be there
When it's time to say goodbye.
Take my hand and hold me;
Help me y spirit fly.
Let your face be the last
I see before i die.
You are my endless love
Readmore
Sunday 30 June 2013

ဖေါက်ထွက်ကြလော့


မပြေးသော်လည်း ကန်ရာရှိ
သတိနဲ့ သင်ခန်းစာ
ထော့မဲပါသားတွေ အမောဖောက်
တောခြောက် သဘောမပေါက်တဲ့ မေးခွန်း
ရယ်ရွှန်းလဲ့လဲ့ အရူးလုပ်ခံရပြီ
ကျည်ဆံနဲ့ ဒေါ်လာ မျက်လှည့်ပြပွဲ။



ဆန်အိုးတိုးမယ်အထင်
ကရင်ပါတီထောင် နိုင်ငံရေးလုပ်မတဲ့လား
ခရီးကားမသေး
သွေးနဲ့ရေးခဲ့ ခရီးကြမ်း
ကြက်ကန်းမျက်ကန်းတွေကြောင့် ခက်ပါပေါ့။

အယုံလွယ်တဲ့အမိုက်မှား
သောကများခဲ့ရတဲ့ခန္ဓာ
မြေဇာလို မကြေညာချင်တဲ့ဘဝ
ဒေါန ဇွဲကပင် သံလွင်ရေ
ကော်သူးလေမှာ ထွန်းကားနေပြီလား
လာဘ်များထိုးသူ လာဘ်များယူသူ
ပေးယူကြည်ဖြူနေတဲ့ ယဉ်ကျေးမှု
မျက်ကွယ်ပြုခဲ့ကြ ပန်းတိုင်
စိတ်မခိုင် ယိုင်လဲကြတဲ့ အမှောင်လမ်း။

ဆွေးမြေ့တဲ့ ကျောင်းအိုဆောင်
အရောင်အဝါနတ္ထိ
နောင်ဘဝအထိ နောင်တရှိပါ့ဦးမလား
မပြတ်သား တနပ်စားကိုယ်တော်ကြီး
ငိုက်မြည်းတာလား အကြိုက်တွေ့တာလား
ကျောင်းတံခါးတွေလည်း ယိုင်နဲ့နဲ့
အကွပ်မဲ့တဲ့ကြမ်း
ပရမ်းပတာဘဝတွေ
ငိုနေယိုနေ သောကတွေ တဝေဝေ။

အခြေခံလူထုဆိုတာ
ညာလို့မကောင်းတဲ့အရာ
မကြေညာ မြေပါပျောက်ခဲ့ရဘဝတွေ
သူခိုးတွေ သခင်ဖြစ်ချင်တဲ့လုပ်ရပ်နှယ်
ဧည့်သည်က အိမ်ရှင်ကိုမောင်းချတဲ့ဇတ်လမ်း
ဓါးရိုးကမ်းချင်တဲ့သူကလည်း ရှိသေး
လေးစားမှု လေးနက်မှုမရှိတဲ့ ဆက်ဆံရေး
ညီညွတ်ရေးဆိုတာလည်း ရေပေါ်အရုပ်ရေးသလို။

ဆာလောင်တဲ့ငိုသံများ
ခံစားခက် တက်ခေါက်သံများ
သွေးများ ချွေးများ မျက်ရည်များ
စီးဆင်းသွားကြ မြစ်တစင်းလို
လိုချင်တာတွေ မျှော်လင့်ချက်တွေပြည့်ဖို့
နင်တို့ ငါတို့ဖောက်ထွက်ကြဖို့ လိုပြီမို့။

(ဇွန်လ ၁၆ရက်၊ ၂၀၁၃ခုနှစ်)

(လင်္ကာဒီပ)

Readmore

ဘက်လိုက်တဲ့ကမ္ဘာ

အစနဲ့အဆုံးကို ငါကြည့်လိုက်တော့
ရေရေရာရာမရှိ...ဝေဝေဝါးဝါး...
ခြေတွေ လမ်းသလားလာလိုက်တာ...
သက္ကရာဇ်တွေ...အလဲလဲအပြိုပြိုကျန်ခဲ့တာ...။

မရေရာတဲ့ဘဝမှာ
မသေချာတဲ့ အချစ်ကို ယုံကြည်လိုက်သေး...
ချိုမြိန်ခြင်းတို့ ခပ်ပါးပါးလေး
သူ့နူတ်ခမ်းမှာ ဆိုးဆေးအဖြစ်အရောင်တင်..
ကြူရသမျှလူကို သူ့နူတ်ခမ်းဝက
ညွှတ်ညွှတ်လေး ပြုံးပြနေလေရဲ့...။

ချစ်ခြင်းတို့ သူ့ရင်မှာ..
တကယ်ရှိပါတယ်ဆိုသေးရဲ့...
ငါ့လက်ကိုဆုတ်ထားပြီး..
သူ့အကြည့်တို့က တခြားတစ်ယောက်ကို...
ရိတိတိ ပြိတီတီနဲ့ အကြည့်တို့က
ဆူဝေနေသေးတယ်..ဒါ အချစ်တဲ့လား..။

အကောင်းဆုံးတွေ ရွေးချယ်..
အရင်းနှီးဆုံး နှလုံးသားကိုပေးဆပ်..
မှန်မယ်ထင်သမျှ မှားမှားနေခဲ့တဲ့ တန်ဖိုးတွေ..
ခပ်ပေါပေါလူတွေကြားမှာ..
ခပ်ပေါပေါစကားတွေ ငါ့နားကို ယဉ်ပါးစေတယ်..။

ကိုယ်ထင်တာ လုပ်ကြစတမ်းဆို..
ကမ္ဘာမြေတစ်ခုကိုလုံး..
မီးလောင်တိုက်သွင်းပစ်လိုက်ချင်ရဲ့...
စာနာမူ့မရှိကြစတမ်းဆို..
နှလုံးသားတွေ ခြွေဖြတ်..နာကျင်မူ့တွေပဲပေးနိုင်တဲ့
နတ်ဆိုးတစ်ကောင် ဖြစ်လိုက်ချင်ရဲ့...။

ကိုယ်ကောင်းရင်ခေါင်းမရွေ့...ဘူးဆိုသေးရဲ့...
ကိုယ်ကောင်းပြီး ခေါင်းမကောင်းတဲ့လူတွေကြားမှာ..
စာနာမူ့တို့ ၊ကြင်နာခြင်းတို့ပြတ်သုဉ်း...
အချစ်ကို ဗန်းပြ...လူ့တစ်ဘဝစာလုံး...
ရိုက်ချိုးနေကြသံတွေ...တစ်ဝုန်းဝိုင်းတဒိုင်းဒိုင်း...
နှလုံးသားတွေ ဝုန်းဒိုင်းလဲပြို...
တစ်ယောက်ပြီးတစ်ယောက်လွင့်ပါး..
တစ်ယောက်ပြီးတစ်ယောက်ပျောက်ဆုံး..
စာနာသူမရှိ အပြစ်တင်သူချည့်ပြည့်နေတဲ့ လောက...
ပြုသူအပြစ်မမြင် ၊စတေးသူအပြစ်တင်..
ကမ္ဘာမြေကြီးဟာ တစ်ဖက်စောင်းနင်းခဲ့ပြီ..။


Posted by နီသွေး
Readmore

ကျေရာကျေကြောင်း

ဖောက်ပြန်နေတဲ့ ချစ်သူ
မုန်းလို့မရ ပြုံးပြဖို့လဲ ခက်လှတယ် ။

တအုန်းအုန်းထနေတဲ့
အချစ်သစ်တွေနဲ့
ပျော်ပြီးရင်း ပျော်ပါစေတော့
တားမရလဲ
ထားရစ်ပါရစေကွယ် ။

နှလုံးသားထဲက
အပြာရောင်မျက်ရည်
နင် မကြိုဆိုခဲ့ဖူးပါ
မျက်လုံးထဲက အပြုံး
အသိအမှတ်ပြုခြင်းမခံခဲ့ရပါ ။

မင်းရဲ့ မက်လုံး လှလှလေးတွေကိုတော့
အပျက်တွေက အကောင်းထင်တာပေါ့ကွယ် ။

အမှတ်တရ တွေ အဟုတ်တရ တွေ
ခဏခဏ ခလုတ်တိုက်ခံရတာများတော့လဲ
ငါ  နည်းနည်းတော့ ယိုင်ချင်မိတာ ၀န်ခံပါတယ်
ယိုင်ရုံလေး ယိုင်ခဲ့တာပါ
ချစ်သူကိုအံတုပြီး ဘာမှ မပြိုင်ခဲ့ဖူးပါ ။

ချစ်သူနဲ့ ပတ်သက်ပြီး
တခါမှ ခေါင်းမခါခဲ့ဖူးပါ
အသားမာ တက်နေတဲ့
ငါ့  နှလုံးသား
အမြဲပြုံးဖို့ အားတင်းခဲ့တယ် ။

ပလီပလာ စကားတွေကြားထဲ
ငါ့ နာရီတွေ အစားခံလိုက်ရတယ်
မင်းဖြိုချလိုက်လို့
ပြိုကျသွားတဲ့ ငါ့ရဲ့ အိပ်မက်တွေများလှပါပြီ ။

သေမင်းတောင် ကြွေဆင်းရတဲ့
မင်းရဲ့ အပြုံး ကို
ထပ်ပြီး တမ်းတမနေတော့ဘူး
စစ်ခင်းပြီးလဲ မင်းရဲ့ အကြင်နာ
မလိုအပ်တော့ဘူး ။

အချိန် တချိန်ရဲ့ တိုက်စားမှုကိုစောင့်စားရင်း
အလွမ်းရေချောင်းထဲကို
ချစ်သူရဲ့ နောက်ကြောင်းမအေးတဲ့အဖြစ်
မျောလိုက်ပါတော့မယ်။
 
jasmine

Readmore
Thursday 30 May 2013

♥ ချစ်ခြင်း မေတ္တာ ♥

♥ ချစ်ခြင်း မေတ္တာ ♥

တစ်ခါတုန်းက မျက်စိမမြင်တဲ့ကောင်မလေး တစ်ယောက်ရှိတယ်။
မွေးရာပါမျက်စိမမြင်တာမဟုတ်ဘဲအက်စီးဒန့်တစ်ခုကြောင့်
မျက်စိကွယ်သွားရတာပေါ့ သူမမျက်စိမမြင် တဲ့အချိန် မှာ
သူမအနားမှာ သူမကိုဖေးမကူညီပေးမယ့် သူတစ်ယောက်မှာ
မရှိရှာခဲ့ဘူး။

တစ်နေ့မှာတော့ သူမရဲ့ဘဝထဲကို ကောင်လေးတစ်ယောက် ဝင်ရောက်လာခဲ့တယ်။ အဲဒီကောင်လေးကို သူမ မမြင်ဖူးပေမယ့်
သူမရင်ထဲမှာ သူ့ကိုချစ်မိသွားတယ်။

အဲဒါနဲ့ သူမကပြောတယ် ကောင်လေးကို ''ငါတစ်နေ့ မျက်စိပြန်မြင်ခဲ့ရင် အမြင်ချင်ဆုံးက နင်ပဲနောက်ပြီး ငါနင့်ကိုလက်ထပ်မယ်''ကောင်မလေး
စကားကိုကြားတော့ ကောင်လေးအရမ်းပျော်သွားတာပေါ့

အဲလိုနဲ့ တစ်နေ့မှာ ကောင်မလေးကို မျက်ကြည်လွှာလှူမယ့် အလှူရှင်ပေါ်လာတယ်။ဆေးရုံမှာ နှစ်ပတ်ခွဲစိတ်ကုသခံလိုက်တဲ့
အချိန်မှာ ကောင်မလေး မျက်စိပြန်မြင်သွားတာပေါ့။

ကောင်မလေး မျက်စိနှစ်လုံး အလင်းပြန်ရသွားတဲ့အချိန်မှာပဲ ကောင်လေးဆီကိုရောက်သွားတယ်။ ဒါပေမယ့် မထင်မှတ်ထားတဲ့မြင်ကွင်းတစ်ခုက သူ့ကိုဆောင့်ကြို နေတယ်။

အဲဒါကတော့ ကောင်လေးကလဲ သူ့လိုပဲ မျက်စိမမြင်တဲ့သူ ဖြစ်နေလို့ပဲ။ ကောင်မလေးသူ့ဆီလာမှန်းလဲ သိရော ကောင်လေးကပြောတယ် '' နင်အခု မျက်စိနှစ်လုံး အလင်းပြန်ရသွားပြီနော် ငါ့ကိုလက်ထပ်နိုင်မလား ''ဒါပေမယိ့ ကောင်မလေးက ကောင်လေးကိုပြောတယ် ''အရင်တုန်းက ပြောခဲ့တာတွေ မေ့လိုကိပါတော့ ငါအခုနင့်လို မျက်မမြင်တစ်ယောက်ကို မချစ်နိုင်တော့ဘူး '' အဲလိုပြောပြီး သူမလှည့်ထွက်လာခဲ့တယ် ။

ကောင်လေး သူ့နောက်ကို ပြေးလိုက်လာတာ သူမသိဘူး '''ဒုန်း''' ဆိုတဲ့အသံကြားမှ သူမ လှည်ကြည့်လိုက်တယ်။ သွေးအလူးလူးနဲ့ အသက်မဲနေတယ့် ကောင်လေးကိုတွေ့လိုက်ရတယ်။ သူမနောက်ကို မမြင်မစမ်းနဲ့ပြေးလိုက်ရင်း ကောင်လေးခမျာ ကားတိုက်ခံလိုက်ရတယ်။

တစ်ဆက်တည်းမှာပဲ ကောင်လေးရဲ့လက်မှာ သွေးတွေပေကျံနေတဲ့ ဒိုင်ယာရီစာအုပ်တစ်အုပ်ကိုတွေ့လိုက်ရတယ်.အဲဒီစာအုပ်လေးကို
ကောင်မလေး ဖွင့်ဖတ်လိုက်တဲ့ အချိန်မှာပဲ ...........


.စာအုပ်ထဲမှာ '''ဟိတ် ကောင်မလေး နင့်အတွက် ငါလုပ်ပေးနိုင်တာလေး တစ်ခုကိုလုပ်ပေးခဲ့မယ်နော် နင်အလင်းပြန်ရဖို့ ငါ့မျက်ကြည်လွှာကို နင့်အတွက်လှူပေးခဲ့မယ် ငါဘက်ကနင့်ကို ပေးဆပ်နိုင်တာ ဒီတစ်ခုပဲရှိတယ်လေ နင်အခုလိုဖြစ်နေတာကို ငါမကြည့်ရက်ဘူး ငါကမျက်စိမမြင်ရလဲ အရေးမကြီးပါဘူးဟာ နင့်နားမှာရှိနေရနေရင်ကိုပဲ ငါ့အတွက်အရာရာ ပြည့်စုံသွားပြီ ဒါပေမယ့် နင်အလင်းပြန်ရင် ငါလို ဒုတ်ခိတတစ်ယောက်ကို နင်လက်ခံနိုင်ပါ့မလား...နငိလက်မခံလဲ ရပါတယ်ဟာ နင်ပျော်ရွှင်နေမယ်ဆိုရင် ငါကပေးဆပ်ရကျိုးနပ်ပါတယ်
ဘာလို့လဲဆိုရင် ငါကနင့်ကို အရမ်းချစ်လို့ပေါ့ ကောင်မလေးရယ် ''

*လောကမှာ ကိုယ့်အပေါ် ချစ်ခြင်းမေတ္တာတရား ကြီးမားတဲ့သူကို
ဆုံးရှုံးတာထက် ပိုတဲ့ဆုံးရှုံးမှုမျိုးမရှိပါဘူး...ပစ္စည်းဥစ္စာ ဆုံးရှုံးရင်
ပြန်ရှာဖွေလို့ရတယ် မေတ္တာတရားဆုံးရှုံးသွားရင်တော့ ဘာနဲ့မှ
ပြန်ပြီး အစားထိုးလို့မရနိုင်ပါဘူး*

♦ MC Zin Jay Shin ♦
Readmore
Saturday 4 May 2013

(ပန်းချီကားတစ်ချပ်)

Photo: (ပန်းချီကားတစ်ချပ်)
~~~~~~~~~~~~
****မေတ္တာရင်ခွင်ထဲက၊နှလုံသားပြခန်းထဲမှာ
အတိတ်နဲ့ပစ္စုပ္ပန်ကိုညွှန်းခဲတဲ့
ရောင်စုံပန်းချီကားတစ်ချို့၊နုဆင့်ပွင့်ဖူးခဲတယ်.....။
****ချစ်ခြင်းရဲ့ရင်သွေးကို
မေတ္တာနဲ့ထုဆစ်
ဆန်းသစ်ခြင်းဧ့၊ပဒေသရာဇ်စကားတွေနဲ့
သူချယ်သခဲတဲ့၊ပန်းချီကားတစ်ချပ်က
ဟန်ချက်ကျကျနဲ့၊ဆူးချလှပလို့..........။
****ပျော့ပျောင်းနုနွယ့်တဲ့၊နှလုံးသားတစ်စုံဟာ
သူခြည်မဲ့ဆေးသားတွေညီစေဖို့
ဦနှောက်နဲ့၊နှလုံသားထွန်ပေးခြစ်
၂၁ရာစုဧ့၊ချစ်ခြင်းမျက်နှာစာမှာ
ဆီးချက်ကအားသန်၊သူရဲ့စွဲမာန်နဲ့ရှင်သန်ခဲဖူးတယ်.....။
****ရောပြွန်းနေတဲ့၊နှလုံသားပြခန်းတွေကြားထဲက
ခေတ်အဆက်ဆက်၊သုတေသနခွင်ချိန်ထက်မှာ
သူ့လက်ရာကထူးမွန်တော့၊အံ့ဖွယ်စိတ်ကူးနဲ့
ပြည့်စုံတဲ့ပန်းချီကားတစ်ချပ်ပုံရိပ်ကို
ချိတ်ဆွဲထားခဲ့တာက၊နှလုံသားနေရာအနှံ့ပေါ့......။

စာရေးသူ-(သျှင်ဇံ)(ပန်းချီကားတစ်ချပ်)
~~~~~~~~~~~~
****မေတ္တာရင်ခွင်ထဲက၊နှလုံသားပြခန်းထဲမှာ
အတိတ်နဲ့ပစ္စုပ္ပန်ကိုညွှန်းခဲတဲ့
ရောင်စုံပန်းချီကားတစ်ချို့၊နုဆင့်ပွင့်ဖူးခဲတယ်.....။
****ချစ်ခြင်းရဲ့ရင်သွေးကို
မေတ္တာနဲ့ထုဆစ်
ဆန်းသစ်ခြင်းဧ့၊ပဒေသရာဇ်စကားတွေနဲ့
သူချယ်သခဲတဲ့၊ပန်းချီကားတစ်ချပ်က
ဟန်ချက်ကျကျနဲ့၊ဆူးချလှပလို့..........။
****ပျော့ပျောင်းနုနွယ့်တဲ့၊နှလုံးသားတစ်စုံဟာ
သူခြည်မဲ့ဆေးသားတွေညီစေဖို့
ဦနှောက်နဲ့၊နှလုံသားထွန်ပေးခြစ်
၂၁ရာစုဧ့၊ချစ်ခြင်းမျက်နှာစာမှာ
ဆီးချက်ကအားသန်၊သူရဲ့စွဲမာန်နဲ့ရှင်သန်ခဲဖူးတယ်.....။
****ရောပြွန်းနေတဲ့၊နှလုံသားပြခန်းတွေကြားထဲက
ခေတ်အဆက်ဆက်၊သုတေသနခွင်ချိန်ထက်မှာ
သူ့လက်ရာကထူးမွန်တော့၊အံ့ဖွယ်စိတ်ကူးနဲ့
ပြည့်စုံတဲ့ပန်းချီကားတစ်ချပ်ပုံရိပ်ကို
ချိတ်ဆွဲထားခဲ့တာက၊နှလုံသားနေရာအနှံ့ပေါ့......။

စာရေးသူ-(သျှင်ဇံ)

Readmore
Tuesday 30 April 2013

ယုတ္တိတန်တန်အတွးနဲ့ ယုတ္တိမတန်တဲ့အတွေး

                                        
တစ်ခါတုန်းက ဧရာဝတီတိုင်းမှာရှိတဲ့ရွာလေးတစ်ရွာမှာ လယ်သမားကြီးတစ်ယောက်ဟာ ရွာထဲက ငွေတိုးပေးစားသူကို ပေးစရာအကြွေးများလွန်းတာကြောင့် ဒုက္ခရောက်နေခဲ့တယ်။

အသက်ကြီးကြီး ရုပ်ဆိုးဆိုး ငွေတိုးပေးစားတဲ့ သူဌေးကြီးကလည်း လယ်သမားကြီးရဲ့ လှပတဲ့သမီးလေးကို လိုချင်နှစ်သက်နေတယ်။ ဒါကြောင့် အပေးအယူတစ်ခုကိုကမ်းလှမ်းလိုက်တယ်။

လယ်သမားကြီးရဲ့သမီးသာ သူ့ကိုလက်ထပ်ရင် လယ်သမားကြီး တင်နေတဲ့ အကြွေးတွေပြန်ဆပ်စရာမလိုဘူးလို့ပြောလိုက်တယ်။ သားအဖနှစ်ယောက်လဲ သူဌေးကြီးရဲ့ကမ်းလှမ်းချက်ကြားတော့ တုန်လှုပ်ခြောက်ခြားသွားတယ်။


ကောက်ကျစ်တဲ့ သူဌေးကြီးဟာ ကံစီမံရာအတိုင်း လက်ခံကြဖို့ တိုက်တွန်းလိုက်တယ်။ သူဌေးကြီးက ကျောက်ခဲ အမည်းတစ်လုံးနဲ့ အဖြူတစ်လုံးကို ပိုက်ဆံအိတ်ထဲ ထည့်ထားမယ်။ မိန်းကလေးက ကျောက်ခဲ့တစ်လုံးကို အိတ်ထဲကနေ နှိုက်ယူရမယ့်။

(၁) မိန်းကလေးဟာ ကျောက်ခဲ အမည်း ကို ကောက်ယူမိရင် သူ့ရဲ့မိန်းမအဖြစ်လက်ခံရမယ်။ လယ်သမားကြီးရဲ့ အကြွေးတွေလဲ ပြန်ဆပ်စရာမလိုဘူး။

(၂) မိန်းကလေးဟာ ကျောက်ခဲ အဖြူကိုကောက်ယူမိရင် သူ့ကိုလည်းယူစရာမလိုဘူး လယ်သမားကြီးရဲ့ အကြွေးတွေကိုလဲ ပြန်ဆပ်စရာမလိုဘူး။

(၃) မိန်းကလေးဟာ ကျောက်ခဲကို ကောက်ယူဖို့ ငြင်းဆန်ခဲ့မယ်ဆိုရင်တော့ လယ်သမားကြီးကို ထောင်ထဲ ထည့်ပစ်မယ်။

လို့ပြောလိုက်တယ်။


သူတို့အားလုံး ကျောက်တုံးလေးတွေ ပြန့်ကျဲနေတဲ့ လယ်သမားကြီးရဲ့ လယ်ထဲမှာရပ်နေကြတယ်။ သူတို့စကားပြောနေစဉ်မှာပဲ သူဌေးကြီးဟာ ကျောက်ခဲနှစ်လုံးကို ကုန်းကောက်လိုက်တယ်။

သူအဲ့လိုကောက်လိုက်စဉ်မှာ မိန်းကလေးရဲ့ လျင်မြန်တဲ့မျက်လုံးတွေက သူဌေးကြီး ကျောက်ခဲ အမည်းနှစ်လုံးကောက်ယူပြီး အိတ်ထဲထည့်လိုက်တာတွေ့လိုက်ရတယ်။

ပြီးတော့ မိန်းကလေးကို ကျောက်ခဲတစ်လုံးကောက်ယူခိုင်းတယ်။


(သင်သာလယ်ကွင်းထဲမှာရပ်နေတဲ့ မိန်းကလေးနေရာမှာရောက်နေရင် ဘယ်လိုလုပ်လိမ့်မလဲ။ မိန်းကလေးကို အကြံဥာဏ်ပေးမယ်ဆိုရင်ကော ဘယ်လိုအကြံပေးမလဲ ဖြစ်နိုင်တာတွေကိုစဉ်းစားကြည့်ရင်တော့

(၁) မိန်းကလေးက ကျောက်ခဲကို နှိုက်မယူနိုင်ကြောင်းပြောမယ်

(၂))မိန်းကလေးက အိတ်ထဲမှာ ထည့်ထားတာ ကျောက်ခဲ မည်းနှစ်လုံးဖြစ်ကြောင်းထုတ်ဖော်ပြောဆိုပြီး သူဌေးကြီး လိမ်ထားတာကိုပေါ်အောင်လုပ်မယ်။

(၃)မိန်းကလေးက ကျောက်ခဲ အမည်းကိုသာပဲ နှိုက်ယူပြီး ဖခင်ရဲ့ အကြွေးတွေနဲ့ ထောင်ကျခြင်းကို ဘဝနဲ့ရင်းပြီး ကယ်တင်လိုက်မယ်။



ပုံပြင်လေးအကြောင်း ခဏလောက် သေသေချာချာ စဉ်းစားကြည့်ရအောင်ဗျာ။ ဒီပုံပြင်လေးဟာ ယုတ္တိရှိတဲ့ အတွေးနဲ့ ယုတ္တိမရှိတဲ့အတွေး ရဲ့ ခြားနားချက်တွေကို စိတ်ဝင်စားစရာကောင်းပြီး လေးစားစရာကောင်းတဲ့ မျှော်လင့်ချက်တွေနဲ့ဖွဲ့တည်နေတာပါပဲ။

မိန်းကလေးရဲ့ ဘေးကျပ်နံကျပ်အခြေအနေ ဟာ သာမန်ယုတ္တိဆန်ဆန်အတွေးမျိုးနဲ့ ဖြေရှင်းလို့မရပါဘူး။ အထက်ကဖော်ပြခဲ့တဲ့ ဖြစ်နိုင်ခြေရှိတဲ့ အဖြေတစ်ခုကိုရွေးချယ်ခဲ့မယ်ဆိုရင် အဲ့ဒီအဖြေရဲ့ အကျိုးဆက်ကိုလည်းစဉ်းစားရပါမယ်။


ကဲ သင် မိန်းကလေးကို သင်ဘယ်လိုများ အကြံပေးချင်ပါသလဲ ?????


မိန်းကလေးလုပ်ပြလိုက်တာကတော့

မိန်းကလေးဟာ ပိုက်ဆံအိတ်ထဲကိုလက်နှိုက်ထည့်လိုက်ပြီး ကျောက်ခဲ့တစ်လုံးကိုနှိုက်ယူလိုက်တယ်။ ပြီးတော့ ကျောက်ခဲကိုကြည့်မနေတော့ဘဲ ကချော်ကချွတ်ဟန်နဲ့ ကျောက်ခဲပုံထဲလွှတ်ချလိုက်တယ်။ ကျသွားတဲ့ကျောက်ခဲလေးဟာ တခြားကျောက်ခဲတွေနဲ့ရောပြီး ပျောက်သွားတယ်။
ပြီးတော့ ပြောလိုက်တယ်၊

ကျွန်မတော်တော်နမော်နမဲ့နိုင်တာပါပဲရှင်။ ဒါပေမယ့် ကိစ္စမရှိသေးပါဘူး သူဌေးကြီးအိတ်ထဲမှာ ကျန်တဲ့ ကျောက်ခဲလေးကိုကြည့်လိုက်ရင် ကျွန်မ ဘယ်ကျောက်ခဲကို နှိုက်ယူလိုက်တယ်ဆိုတာ ပြောနိုင်ကြမှာပါ။

ကျန်နေသေးတဲ့ ကျောက်ခဲလေးက အမည်းရောင်ဖြစ်နေတော့ မိန်းကလေး နှိုက်ယူလိုက်တာဟာ အဖြူရောင်ဆိုတဲ့သဘောသက်ရောက်သွားပါတယ်။ သူဌေးကြီးကလည်း သူရဲ့ စဉ်းလဲတဲ့ အကြံကို ဝန်မခံရဲတာကြောင့် မိန်းကလေးအတွက် မဖြစ်နိုင်တဲ့ အခြေအနေကို အကောင်းဆုံးအကျိုးရှိအောင် အသုံးချသွားနိုင်ခဲ့တယ်။



မှတ်သားစရာကတော့
အရှုပ်ထွေးဆုံးပြဿနာတွေမှာဖြေရှင်းစရာနည်းတစ်ခုတော့ရှိပါတယ် အဲ့တာကိုတော့ ကျွန်တော်တို့စဉ်းစားဖို့ မကြိုးစားကြတတ်ပါဘူး။

စာရေးသူ-လေပြေ

Readmore

ရတနာ နတ်မယ် ကောက်ကြောင်း





ရှစ်ဆယ်စု နှစ်များ၏ တစ်နေ့။ နေရာက အင်္ဂလန် နိုင်ငံ ဟက်ဒင်တန် ရွာကလေး။

ထိုရွာ ကလေးမှာ ရတနာ နတ်မယ်နှင့် ကျွန်တော် တွေ့ဆုံ မိကြမယ်၊ သိကျွမ်းခင်မင် ရင်းနှီး ကြမယ်လို့ လုံးဝ မမျှော်လင့်ခဲ့။ ဟက်ဒင်တန် ရွာကလေးတွင် ဆရာကြီး ဦးဘခင် တရားဌာနကြီး (International Meditation Centre in the Tradition of Sayagyi U Ba Khin) ဖွင့်လှစ်ထားသည်။ ထိုဌာန၌ ၁၉၈၀ ပြည့်နှစ်မှ စ၍ ဌာန မန်နေဂျာ အဖြစ် မိမိတာဝန် ထမ်းဆောင် လျက်ရှိသည်။ တရား ဌာန၏ လစဉ် တရားပတ် ၁၀ ရက် စခန်းသို့ သူရောက်လာသည်။

သူ့ကို ခုလိုတရား အားထုတ်သူ အဖြစ်မြင်ရ လိမ့်မည်ဟု လုံးဝ မမျှော်လင့်ခဲ့။ ဤသို့ မမျှော်လင့် ခဲ့ခြင်းမှာလည်း အီတလီ နိုင်ငံတွင် အခြေချ နေထိုင်သော သူသည် ဗိုလ်ချုပ် နေ၀င်းနှင့် လက်ထပ်ရန်
အီတလီမှ ရောက်ရှိ လာသည့်နေ့၊ ရန်ကုန် မင်္ဂလာဒုံ လေဆိပ် ကော်ဇောခင်း နီပေါ် လျှောက်လှမ်းနေသည့် ကြော့ကြော့မော့မော့ ပုံရိပ်လွှာကို မိမိ၏ အာရုံထဲ ပြန်လည် မြင်ယောင်ကာ နေမိခြင်း ကြောင့်ပင်ဖြစ်သည်။ ၀စီပိတ် တရား ဆယ်ရက်စခန်း နောက်ဆုံးနေ့တွင် စကားပြောခွင့် ရကြပြီမို့ သူနှင့် စကားဖောင်ဖွဲ့ ပြောဖြစ် ကြသောအခါ သူ၏ ပွင့်လင်းမှု စရိုက်လေးတွေ စတွေ့ ခဲ့ရသည်။ မိမိအိမ်သို့ ထမင်းစား ဖိတ်စဉ်က ဒံပေါက်ထမင်း ချက်ထားတယ် ဆိုတော့ “စမတ်ပဲ၊ ဒံပေါက် မစားရတာ ကြာပြီ၊ “စားမယ်” ဟု သူရင်းရင်း နှီးနှီး ပွင့်ပွင့်လင်းလင်း။ တောအကြောင်း တောင်အကြောင်း ဟိုရောက်သည်ရောက် စကားလက်ဆုံ ကျဖြစ်ကြသည်။ အိမ်ဆောက်သည့် အခါ အန္တရာယ် ပေးတတ်သည် ဆိုသော မြေအောက်ရေကြော ရှာနည်း သူ့ထံမှ ရလိုက်သည်။

“Water Line ရေကြောက ဆန့်ကျင် ရေကြောဖြစ်ရင် အိမ်ခိုက်တတ်တယ်။ ဆန့်ကျင်၊ မဆန့်ကျင် ဘယ်လို သိမလဲ။ ပြပေးမယ်။ ဆွဲကြိုးတစ်ကုံး ယူလာခဲ့”

ဇနီးက ဆွဲကြိုး ချွတ်ပေးသည်။ ရတနာ နတ်မယ်သည် ဆွဲကြိုးလေးကို လက်နှစ်ဖက်နှင့် တွဲလောင်းကိုင်ကာ ပါးစပ်က တိုးတိုးလေး ရေရွတ်နေသည်။ ခြံအပြင် မြေကွက်လပ်မှာ ရွတ်ဆိုခြင်း ဖြစ်သည်။
“Positive, Positive, Positive ”

ဆွဲကြိုးလေးသည် ရှေ့တိုးနောက်ငင် တဖြည်းဖြည်း လှုပ်ရှားလာသည်။
“Negative, Negative, Negative’’

နေရာရွှေ့၍ ရွတ်သည်။
ဒီတစ်ခါမှ ဆွဲကြိုးလေးက ဘယ်ညာ ရွေ့လျားသွားသည်။ အံ့သြစရာ။
“မှတ်ထား ရှေ့တိုး နောက်ငင်ရွေ့ရင် အလိုက်သင့်မို့ ရေကြောလွတ်တယ်။ ဘယ်ညာ ရွေ့ရင် ဆန့်ကျင်ဘက်မို့ ရေကြော မလွတ်ဘူး။ ဒီအောက်မှာ ရေကြော ရှိနေပြီလို့ ပြတာ။ ရေကြောပေါ် အိမ်ဆောက်ရင် ခိုက်တတ်တယ်”

သူ့လက်ထဲက ဆွဲကြိုးလေး ယူကာ ကိုယ်တိုင် စမ်းကြည့်သည်။ ဆွဲကြိုးလေးသည် ရေကြောလွတ်ရာ မြေတွင် ရှေ့တိုးနောက်ငင်။ ရေကြောခိုက်ရာ မြေ၌ ဘယ်ညာယိမ်းလျက်။ ထိုသို့ မြေကို တစ်ကွက်ချင်း အလိုက်ရွှေ့ရှာ။ အန္တရာယ် ရေကြောလွတ်လမ်း မှတ်သားပြီး အိမ်ဆောက်၊ စိတ်ချ၊ ဘေးကင်းရန်ကင်း စေတဲ့။

၁၉၈၇ ခုနှစ်၌ ဆွစ်ဇာလန် နိုင်ငံတောင်ပိုင်း တချီနို(Tachino) တရားစခန်း ရှိရာသို့ မန်နေဂျာ တာဝန်နှင့် ခေတ္တ ရောက်သွားချိန်တွင် ရတနာ နတ်မယ်နှင့် ပြန်ဆုံဖြစ်ကြ ပြန်သည်။ တရားပတ် ပြီးတော့ ဟိုအကြောင်း ဒီအကြောင်းတွေ ကနေသူ၏ နိုင်ငံတော် ရွှေအိမ်စံ နိဂုံးကို ရင်းရင်းနှီးနှီး ရင်ဖွင့်ခဲ့သည်။

“နိုင်ငံ လူထုက ကျွန်မကို မင်းသွေး မင်းနွယ်ဆိုတဲ့ အသိနဲ့ အားကိုးမျှော်လင့် ထားပုံရတယ်။ ဒါပေမဲ့ ကျွန်မနဲ့ သူနဲ့က ရေစက် ကုန်ခဲ့ပြီ။ စန္ဒာဝင်း အီတလီကို လိုက်လာတယ်။ ပြန်လာဖို့ ခေါ်တာ။ ကျွန်မ ခေါင်းခါ လိုက်ပါတယ်။ ထွက်လာတဲ့ ကောလာ ဟလက ကျွန်မ သူ့ဆီက သဲ့ယူ သွားတယ်ဆိုတဲ့ သတင်းဆိုးကြီး။ ကျွန်မ ဘာမှ မယူခဲ့ ပါဘူး”

သူ၏ မျက်ဝန်းတွင် မျက်ရည် စများနှင့်။
သူ့တွင် ကျွန်တော် သတိ ထားမိသည့် အချက် တစ်ခုက သောကကို ရင်ထဲမှာ ကြာကြာမထား။ ပျော်ပျော်ပါးပါး ပြုံးပြုံး ရယ်ရယ်နှင့် ပျက်ပြယ်စေသည်။ အင်တာနက် ပေါ်တွင် သူ၏ချက်ပြုတ် သင်တန်း စဉ်များကို ယူကျုမှာ တင်ထားတာ ယနေ့ ဖွင့်ကြည့်တော့ သူအတော် အိုမင်းသွားပြီ။ သို့သော် လောကဓံကို မာန်နှင့် အာခံနိုင်သူ အသွင် သဏ္ဌာန်ကို မြင်နေရသည်။
တချီနိုက ပြန်ခါနီးမှာ သူကျွန်တော့်ကို စွပ်ကျယ် လက်ရှည်အဖြူ တစ်ထည် အမှတ်တရ လက်ဆောင်ပေးသည်။ အဖြူသက်သက် မဟုတ်။ ရှေ့ ခြမ်းမှာ သူ့လက်ရာ ပန်းချီကောက်ကြောင်း လေးနှင့်။ သည်တော့မှ သူသည် မော်ဒန်ပန်းချီ ဆရာမ တစ်ဦးလည်း ဖြစ်မှန်း သိလိုက်ရသည်။

၁၉၈၇ ခု ဒီဇင်ဘာတွင် ကျွန်တော် သြစတြေး လျသို့ အလုပ်ဖြင့် ပြောင်းရွှေ့ နေထိုင်ခဲ့ပြီး ၁၉၉၃ ခု ဧပြီလမှာ အီတလီ၊ ဂျာမနီ၊ ဟော်လန် စသည့် ဥရောပ နိုင်ငံများသို့ အလွမ်းပြေ ပြန်လည်ပတ်သည်။ အီတလီ နိုင်ငံ ဖလောရင့်(စ)(Florence) မီးရထား ဘူတာမှာ သူ ကျွန်တော့်ကို လာကြိုသည်။ ပြီးတော့ မြို့လယ်ထဲက ချက်ပြုတ်သင်တန်း ကျောင်းဖွင့်ထားရာ သူ၏ တိုက်ခန်းသို့ ခေါ်သွားသည်။ ပစ္စည်းများ ချပြီးနောက် ဟိုနားသည်နား သွားကြရအောင် ဆိုကာ Florence မြို့တစ်ဝိုက် ထွက်လည်ကြသည်။ ညဘက် သူ့သင်တန်း ပြီးတော့ သူနေထိုင်ရာ တောင်စောင်းပေါ်က အိမ်ကလေးဆီ လိုက်သွားသည်။
သူသည် အီတာလျံ ဆရာဝန် တစ်ဦးနှင့် အိမ်ထောင် ကျခဲ့ပြီး သားသုံးယောက် မိခင်ဘ၀။ သားတစ်ယောက် ဆုံးပါးခဲ့ပြီ။ ခင်ပွန်းနှင့်လည်း ကွဲသည်မှာ ကြာလှရှိပြီ။ တစ်ချိန်က ဟောလိဝုဒ်က The Purple Plain  (ခရမ်းရောင် လွင်ပြင်) ဆိုသည့် မြန်မာပြည်တွင်း ဒုတိယ ကမ္ဘာစစ် နောက်ခံ ရုပ်ရှင် ကားကြီးတွင် ခေါင်းဆောင် မင်းသမီး လျှောက်ပြီးမှ ဇာတ်ကား၏ ရိုက်ကွင်းကို သီရိလင်္ကာမှာ ရိုက်မည်ဆို၍ ရေခံမြေခံ မမှန်တာကြောင့် မင်းသမီး ၀င်မလုပ် ခဲ့သူ။ (သူ့နေရာတွင် ၀င်းမင်းသန်းက ၀င်ရိုက်ခဲ့ရာ အထူးပင် နာမည်ကျော်ကြား သွားသည်။ ၀င်းမင်းသန်းနှင့် ဆုံစည်း ခဲ့ရပုံ အကြောင်း ဆောင်းပါးသတ်သတ် ရေးပါဦးမည်။)

Florence တောင်ကုန်းလေး ပေါ်က ရတနာ နတ်မယ်၏ အထီးကျန် အိမ်ကလေးမှာ တစ်ည သွားအိပ်သော ကျွန်တော် ကောင်းကောင်း အိပ်မပျော် နိုင်ခဲ့ပါ။ မဂ္ဂဇင်းကြီး တစ်စောင်တွင် ကြွေရောင် စာမျက်နှာများ ပေါ်က ကြွကြွရွရွ လှလှပပ သူ၏ ရုပ်ပုံလွှာများ၊ ခင်ပွန်းသည် အီတာလျံ ဆရာဝန်နှင့် သားသုံးယောက်နှင့် သူ့မိသား စုပုံ၊ စုစုဝေးဝေး ခံ့ညားထည်ဝါ ရုပ်ပုံလွှာ တို့သည် ကျွန်တော့် အာရုံထဲဝယ် တ၀ဲဝဲ တလည်လည်။ အထားမှား၍ ထိုမဂ္ဂဇင်း မိမိထံတွင် မရှိတော့ပါ။ မဂ္ဂဇင်း ကြီး၏ နာမည်ကို ကောင်းစွာ မမှတ်မိ တော့ပါ။ ဆောင်းပါး၏ ခေါင်းစဉ်ကတော့ မမေ့လောက် စရာပါပဲ။
Princess of the Nime Jewels  ဟု ပေးထားပါသည်။
မျိုးညွန့်၊ရန်ကုန်တက္ကသိုလ်၊
(ရွှေအမြုတေ မဂ္ဂဇင်း၊ဇန်န၀ါရီလ ၂၀၁၂)
Readmore

Valentine's Day ဖြစ်ပေါ်လာပုံ




Valentine's Day ရောက်လာတော့မယ်ဆိုတော့ ကျွန်တော် စိတ်ကူးတစ်ခုပေါ်လာတယ်..။
ဒါကတော့ လူတွေ ပါးစပ်ဖျားမှာတော့
" . . ချစ်သူများနေ၊ ချစ်သူများနေ့ . . " 



လို့ မရိုးနိုင်အောင်ပြောနေ ကြပေမယ့် ချစ်သူများနေ့ဘယ်လိုပေါ်ပေါက်လာ သလဲဆိုတဲ့သမိုင်းကို မသိကြသေးတဲ့သူတွေ တော်တော်များများ ရှိကြဦးမယ်ထင်ပါတယ်..။
ဒါကြောင့်ပဲ ကျွန်တော် သိသလောက် ၊ဖတ်မိသလောက် ပြောပြချင်ပါတယ်...
သိပြီးသား ဖြစ်တဲ့ သူများကလည်း သိထားတာလေးတွေရှိရင် ဝေဖန်ခဲ့ပါဦး။









ချစ်သူများနေ့ပေါ်ပေါက်လာပုံ

                    အေဒီ (၃)ရာစု လောက်မှာ အုပ်ချုပ်ခဲ့တဲ့ ရိုမန် စစ်ဘုရင် Claudius ဟာ စစ်အင်အားတွေစုဆောင်း၊ နယ်မြေသစ်တွေတိုးချဲ့ ရင်း ပါဝါ ကြီးစိုးခဲ့တယ်။ သူ့လက်ထက်မှာ Britain နိုင်ငံဟာ ရောမအင်ပါယာ အောက် ရောက်အောင် စွမ်းဆောင်နိုင်ခဲ့တယ်။ Claudius ဟာအမြဲတမ်း နယ်ချဲ့ရင်း စစ်ပွဲကိုပဲ ဦးစားပေးဆင်နွှဲနေတော့ နိုင်ငံထဲမှာရှိတဲ့ယောကျာ်းတွေဟာ စစ်ထဲ မဝင် ချင်ကြတော့ ဘူး။ စစ်မတိုက်ချင်ကြတော့ဘူး။ ဇနီးမယား တွေ၊ သားသမီးတွေ၊ မိသားစုတွေ၊  ဆွေမျိုးတွေနဲ့ပဲ နေချင်ခဲ့ကြတယ်..။






                  ပြင်းထန်တဲ့တိုက်ပွဲတစ်ခုမှာတော့ ရောမစစ်သည်တွေ အသေအပျောက်များခဲ့တယ်။ ဒါကြောင့် စစ်သားသစ်တွေလိုလာတယ်။ စစ်သည်အင် အားကို လည်း ပိုမိုတောင့်တင်းခိုင်မာအောင် လုပ်ချင်တယ်။ ဒါပေမယ့် ယောကျာ်းသားတွေကလဲ စစ်ထဲကိုမဝင်လိုကြတော့ အခက်တွေ့နေတယ်။
Claudius ဟာစဉ်းစားတယ်



                  


                     ယောကျာ်းတွေဟာ မိသားစုသံယောဇဉ်တွေကြောင့် စစ်ထဲမဝင်ချင်ကြတာပဲ သူတို့သာ အိမ်ထောင်မပြုကြရင် စစ်ထဲဝင်ကြမှာပဲလို့ မိုက်မိုက်မဲမဲတွေးမိတယ်။ ဒါကြောင့်ပဲ နိုင်ငံတစ်ဝန်း မှာရှိတဲ့ လူငယ်တွေ အားလုံး အိမ်ထောင်မပြုရလို့အမိန့်ထုတ်လိုက်တယ်။ လူငယ်တွေ အတွက် ရက်စက်ပြီး အဓိပ္ပါယ်မရှိတဲ့ အမိန့်ပေါ့။






ထိုဥပဒေကို ဆန့်ကျင့်တဲ့ ခရစ်ယာန် ဘုန်တော်ကြီး တစ်ပါးပေါ်လာတယ်။ သူ့နာမည်က
Saint Valentine လိုခေါ်ပြီး လက်ထပ်ပွဲတွေကို စီရင်ကျင်းပပေးတဲ့ သူတော်စင် ဘုးန်ကြီးပေါ့..။
သူဟာတင်းကြပ်တဲ့ ဥပဒေ တွေတားမြစ်ထားတဲ့ကြားမှ လက်ထက်ပွဲတွေကို သိုးသိုးသိပ်သိပ် စီစဉ်ကျင်းပပေးခဲ့တယ်။ သူ့ရဲ့ သီးသန့် အခန်းကျဉ်းလေးထဲမှာ ဖယောင်းတိုင်လေးထွန်းပြီး မင်္ဂလာပွဲကို သူရယ် မင်္ဂလာမောင်နှံရယ် သုံးယောက်သား လျှို့ဝှက် ကျင်းပကြတယ်..။



                  
          
               တစ်ညမှာတော့ သတင်းပေါက်ကြားပြီး မင်္ဂလာ ကျင်းပတဲ့အခန်းလေးထဲ ဝင်ရောက်ဖမ်းဆီးကြတယ်။ မင်္ဂလာမောင်နှံ လွတ်မြောက်သွားသော်လည်း St. Valentine ကတော့ ဖမ်းဆီးခြင်းခံရပြီး သေဒဏ်ချမှတ် လိုက်ကြတယ်။





             သူဝမ်းမြှောက်သွားတာ တစ်ခုရှိတယ်။ သူထောင်ထဲမှာရှိနေစဉ် ရောမမှာ ရှိတဲ့ လူငယ်တွေဟာ ထောင်ထဲကို လာတွေ့ကြတယ်။ ပြတင်းပေါက်မှာ ပန်းတွေ ကြဲကြ၊ မှတ်စုလေးတွေရေးကြ တယ်။ ပြီးတော့ သူလုပ်ခဲ့တာမှန်ကန်ကြောင်း၊ သူတို့လေးတွေလည်းအချစ်ကို ယုံကြည်ကြကြောင်း အားပေးထောက်ခံကြတယ်။ အဲ့ဒီ့ထဲမှာ ထောင်မှုးကြီးသမီးလေးလဲပါတာပေါ့..။ ထောင်မှုးကြီး က ခွင့်ပြုတာကြောင့် သူ့ရဲ့ အခန်းထဲမှာ လာတွေ့တယ် စကားတွေ အများကြီးပြောတယ်။ အားပေးစကားတွေပြောတယ်။  သူသေရမယ့်နေ့မှာတော့ သူမရဲ့ ခင်မင်မှု၊ သစ္စာရှိမှု၊ အားပေးမှု တွေကို ကျေးဇူးတင်တဲ့အနေနဲ့

"Love from your Valentine" 

ဆိုတဲ့ မှတ်စုတိုလေး တစ်စောင် ထိုမိန်းကလေးတွက်ရေးထားခဲ့တယ်..။

အေဒီ (၂၆၉) ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ သူကွယ်လွန်သွားခဲ့တယ် အဲ့ဒီနောက်မှာ တော့ St. Valentine ကို လေးစားဂုဏ်ပြုသောအားဖြင့်

"" Valentine's Day "" 

ဆိုတာ ပေါ်ပေါက်လာခဲ့တယ်။



(American အဖွဲ့တစ်ခုရဲ့ခန့်မှန်းချက်အရတစ်ကမ္ဘာလုံးမှာ တစ်နှစ်ကို သန်းတစ်ထောင်သော Valentines တွေပို့ကြတယ်..။ Christmas လက်ဆောင်ပြီးရင်တော့ ဒုတိယအများဆုံးပေါ့..။ အဲဒီ့ထဲမှာ အမျိုးသမီးတွေက ဝယ်ကြတာ ၈၄ ရာခိုင်နှုန်းလောက်ပါတဲ့...။)


' 'ချစ်တတ်သူတိုင်း ပျော်ရွှင်ကြပါစေ ' '

 


Readmore

သိထားသင့်သော ဆိုဒ်များ

http://www.adelaider.com
တစ်ခါတစ်လေ မှ သူငယ်ချင်းတို့ ရဲ့ ကိုယ်ပိုက် ဓာတ်ပုံ၊ ရုပ်ပုံလေးတွေ ဒါမဟုတ် သူငယ်ချင်းတို့ ရဲ့ ကယ်ရီကေးချား ကာတွန်းပုံကိုဖြစ်စေ၊ကိုယ်ပိုင် လိုဂိုလေးတွေဖြစ်လေ ကိုယ့်ရဲ့ ဆိုက်စ် ထဲကို upload တင်ထားချင် စိတ်ထားပေါ်ပေါက်လာခဲ့ ဖူးမှာပါ။ adelaider ဟာ အဲဒီ စိတ်ကူးကို အပြည့်အ၀ အကောက်အထည် ဖော်ပေးပါတယ်။ လိုချင်တဲ့ image တွေကို upload တင်နိုင်တဲ့ အပြင် ကိုယ်ဆန္ဒရှိတဲ့ format ကိုပါ ပြန်ပြောင်းပေးနိုင်တဲ့ အတွက် image converter တစ်ခုဖြစ်ပါတယ်

http://www.agame.com
Yahoo game ဆန်ဆန် system နေရာယူမှု ပမာဏ သိပ်မများပဲ ပေါ့ပေါ့ ပါးပါး နဲ့ လွယ်လွယ် ကူကူ ဆော့ကစားနိုင်တဲ့ flash game လေးတွေကို စီစဉ်ပေးထားတဲ့ အပြင် အလွယ်တစ်ကူ download လုပ်ယူနိုင်ပါတယ်။ မာရီယို၊ ငှက်ပျောသီး လေးတွေကို လိုက်လံ ရှာဖွေ စားသောက်ရတဲ့ ဂိမ်း၊ bomb ဖောက်ခွဲ ဂိမ်းတွေ၊ ရေခဲ စကိတ်စီးတဲ့ ဂိမ်းလေးတွေနဲ့ ကလေးငယ်တွေ သဘောကျချင်စရာပါ။

http://www.mp3gle.net
ကမ္ဘာပေါ်မှာ ရှိရှိသမျှ MP3 သီချင်းတွေ မှန်သမျှကို ရှာဖွေပေးမယ့် သီချင်းရှာဖွေရေး အင်ဂျင်တစ်ခု ဖြစ်ပါတယ်။သီချင်းအမည်ကိုဖြစ်စေ၊ အဆိုတော်ရဲ့ နာမည်ကိုဖြစ်လေ၊ တစ်စိတ်တစ်ပိုင်းသိထား ရုံနဲ့ search box ထဲမှာ ထည့်သွင်းရိုက်နှိပ်ပြီး ရှာဖွေနိုင်ပါတယ်။ MP3 ဆိုပေမယ့် Audio file တွေမှန်သမျှကို ရှာဖွေနိုင်စွမ်း ရှိပါတယ်။

http://pro.corbis.com
Internet ပေါ်မှာ upload တင်ထားတဲ့ ပုံတွေဟာ ပြန့်ကျဲ လျက်ရှိနေပါတယ်။ ဒါကို google image ကနေအလွယ်တကူ ရှာဖွေနိုင်ပါတယ်။ ဒါပေမယ့် တစ်ချို့ လူတွေကတော့ google ထက်စာရင် image ရှာဖွေရေး အင်ဂျင်တွေကိုသာ အားကိုးပြီး သီးသန့်ရှာဖွေ လေ့ရှိပါတယ်။ Corbis ဟာ image ရှာဖွေရေး အင်ဂျင်တစ်ခု ဖြစ်ပါတယ်။ ဥပမာ "cat" လို့ ရိုက်နှိပ်လိုက်တာနဲ့ ကြောင်နဲ့ ပတ်သက်သမျှ web ပေါ်မှာ တင်ထားသမျှ ပုံရိပ်တွေမှန်သမျှကို ရှာဖွေတင်ပြပေးပါလိမ့်မယ်။

http://www.qumana.com
web 2.0 စတိုင် ခေတ်မီ သားနားတဲ့ website ဟာ blogger တွေ အကြိုက် တွေ့ကြမှာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ blog အတွက် ကြော် ငြာတွေ ရှာဖွေနိုင်တဲ့ tool တွေ၊ spam ပယ်ဖျက်တဲ့ tool တွေနဲ့ အခြား ထွေရာလေးပါး ဖြစ်စေမယ့် ကိုယ့်ရဲ့ blog ကိုအကောင်းဆုံးအလှဆင်ပေးမယ့် tool တွေကို ရှာဖွေပြီး qumana ရဲ့ အပိုင်း 'Adversting keyword tool' လိုမျိုး စွမ်းရည်ပြည့်ဝtool ကိုပါ အခမဲ့ ရရှိုနိုင်ပါတယ်။

http://www.sketchpad.net
Animation နဲ့ ပတ်သက်သမျှ သင်ခန်းစာ၊လုပ်နည်းလုပ်ဟန်တွေကို ebook vedio audio file တွေနဲ့ အတူ အခမဲ့ရရှိနိုင်တဲ့ နေရာတစ်ခုဖြစ်ပါတယ်။ရှားပါးတဲ့ သင်ခန်းစာတွေဖြစ်တဲ့ "Quark","Freehand" စတဲ့ tutorial တွေကိုပါ ရရှိနိုင်ပြီး animation တစ်ခုရဲ့အခြေခံ အုတ်မြစ်ကို သင်ကြားရယူနိုင်ရင်း "layer"နဲ့ "frame" တို့ကို ခွဲခြားနားလည်သွားစေနိုင်ပါတယ်။

http://www.skinbase.org
ကိုယ့်ရဲ့ computer ကို wallpaper လှလှလေးတွေ၊skin လှလှလေးတွေနဲ့ အလှဆင်ပြုပြင်လိုသူတွေ သဘောကျနိုင်တဲ့ wallpaper တွေ၊ skin တွေမျိုးစုံတည်ရှိနေပါတယ်။အလွန်လှပတဲ့ တော တောင်ရေမြေ ရှူခင်းတွေနဲ့ အတူ "aero glass" စတိုင်တွေကို ရရှိနိုင်ပြီး ရေးဆွဲဖန်တီးခဲ တဲ့ နည်းပညာရှင်တွေဆီကိုပါ တိုက်ရိုက်ဝေဖန် အကြံပြုနိုင်ပါတယ်။

http://www.slide.com
ဂျပန် base communication တစ်ခုဖြစ်ပါတယ်။ သာမန် netbook တစ်ခုမဟုတ်ဘဲ သူငယ်ချင်းတို့ရဲ့ image လှလှလေးတွေကို upload တင်စားနိုင်ပြီး slide show တစ်ခု အနေနဲ့ ကြည့်ရှု ခံစားလို့ ရနိုင်ပါတယ်။ တခြား member တွေနဲ့ chat ပြောရင်း ဆွေးနွေးဝေဖန်နိုင်သလို အနုပညာစိတ်ရှိကြတဲ့ လူအချင်းချင်း ရင်းနှီးချစ်ခင်နိုင်ပါတယ်။ ဒါ့အပြင် အဲဒီထဲ က source code တွေကူးယူပြီး facebook ထဲမှာ ပြန်လည် slide show လုပ်ထားနိုင်ပါတယ်။

http://www.strangescience.net
ဒိုင်နိုဆောတွေရဲ့ အကြွင်း အကျန်တွေကို တူးဖော်ရှာဖွေ တွေ့ရှိနေဆဲကြတာမျက်မြင်ပါပဲ။ ကမ္ဘာဦးခေတ်ကာလမှာ အဲဒီ ဒိုင်နိုဆော အကောင်ကြီး တွေဟာ မျိုးတုံး ကုန်ခဲ့ကြပြီး ဖွတ်၊ပုတတ်၊အိမ်မြောင် အစရှိတဲ့ သတ္တ၀ါငယ်လေးတွေ တင်ကျန်ရှင်သန်ခဲ့ တာဟာလည်း စိတ်ဝင်စားစရာကောင်းပါတယ်။အဲဒီအကြောင်းအရာအပြည့်အစုံတွေကိုအကိုးအကားနဲ့ တကွဖော်ပြပေးနေတဲ့ စာမျက်နှာ ဟာ stragescience ဖြစ်ပါတယ်။
http: //www. stumbleupon.com
IEနဲ့ ရော၊ firefox နဲ့ ပါ အကောင်းဆုံး အလုပ်လုပ်နိုင်တဲ့ social bookmarking website ဖြစ်ပါတယ်။ Homeuser သမားတွေအတွက် တော့ stumble upon ကနေ အခမဲ့ရနိုင်တဲ့ toolbar ကို download ရယူထားမယ်ဆိုပိုပြီး အစွမ်းထက်မှာပါ။ yahoo,msn တို့လို သာမန် engine မဟုတ်ဘဲ သုံးစွဲသူတွေရဲ့ bookmark တွေကနေ တစ်ဆင့်လာတာမို့ ပိုပြီးတိကျပါတယ်။

http://www.teachertube.com
tips,tricks,tutorial တွေနဲ့ How to guide line တွေနဲ့ အခြားသော လုပ်နည်းကိုင်နည်းတွေ၊ဥပမာ google မှာ သီချင်းဖိုင်တွေ ရှာဖွေတာက စလို့ နက်ကတိုင် လည်စည်း ပြုလုပ်နည်းတွေက အစ vedio file တွေနဲ့ အတူရရှိနိုင်တဲ့ အကောင်းဆုံး နည်းပညာ အ ကြံပေး site တစ်ခုဖြစ်ပါတယ်။ ရရှိလာတဲ့ vedio file တွေကို access လုပ်နိုင်ဖို့ pc system requirement ကောင်းကောင်းတော့ လိုအပ်ပါတယ်။

http://www.theimage-place.net
the image place မှာ register လုပ်ပါ။ပြီးရင် account တစ်ခုရရှိလာတဲ့ အခါမှာ အလွန်အရည်အသွေး မြင့်မားတဲ့ ပုံရိပ်တွေစုစည်းထားတဲ့ gallery ကလေး တစ်ခုကို အခမဲ့ ရယူနိုင်ပါတယ်။ဒါ့အပြင် web တွေမှာ တွေ့ရခဲတဲ့ ရှားပါး ဓာတ်ပုံတွေကို စုစည်းထားပြီး high resolution အပြည့်ရဖို့ကိုတော့ အခကြေးငွေပေးပြီး ၀ယ်ယူရပေမယ့် အခမဲ့ ပေးအပ်ထားတဲ့ image တွေနဲ့တင် ကျေနပ်လွန်းစ၇ာကောင်းလှပ်ါတယ်။

http://www.tinfinger.com
အနုပညာ၊နည်းပညာ၊ဥပဒေ၊မီဒီယာ၊နိုင်ငံရေး စတဲ့ နယ်ပယ်အသီးသီးမှာ ထူးချွန်ထက်မြက်တဲ့ လူ ပုဂ္ဂိုလ်တွေရှိနေပါတယ်။အဲဒီ လူပုဂ္ဂိုလ်တွေရဲ့ အဆိုအမိန့်တွေနဲ့ ဘ၀ဇာတ်ကြောင်း၊ ကိုယ်ရေးအတ္တုပ္ပတ္တိတွေနဲ့ ဘာကြောင့် ထင်ရှားကျော်ကြားခဲသလဲ ဆိုတာတွေကို tinfinger ကနေ ရှာဖွေကြည့်ရှု နိုင်ပါတယ်။ တစ်မူထူးခြားတဲ့ လူပုဂ္ဂိုလ်တွေကိုသာ သီးသန့်ရှာဖွေပေးတဲ့ အင်ဂျင်တစ်ခုဖြစ်ပါတယ်။

http://www.totaltutorial.com
ကွန်ပျူတာ နည်းပညာလောကမှာတည်ရှိနေတဲ့ နည်းပညာတွေရဲ့ သင်ခန်းစာတွေဖြစ်တဲ့ Php,mysql တို့လို programming တွေ၊ firework နဲ့ dreamwaver တို့လို web သင်ခန်းစာတွေ၊ photoshop နဲ့ illustrator တို့လို ဓာတ်ပုံ ဒီဇိုင်း သင်ခန်းစာတွေမှန်သမျှကို လူစိတ်ဝင်စားအခံရဆုံး lesson တွေကိုတော့ top 20 စာရင်းထဲ ထည့်သွင်းပေးထားတာမို့ ကြည့် ရှူသူ user အတွက် တစ်စုံတစ်ရာ အကျိုးရှိမှာ သေချာပါတယ်။

http://www.video-tutes.com
3DMax,permiere Pro Bryce2, adobe comtribute C panel စတဲ့ ရှားပါး subject တွေရဲ့သင်ခန်းစာဖိုင် တွေကို vedio access နဲ့ အတူ ကြည့်ရှုရင်း အလွယ်တကူ လိုက်လံ လုပ်ဆောင်ရင်း နားလည်စေနိုင်ဖို့ vedio-tutes ဟာ စေတနာ အပြည့်အ၀နဲ့ file တွေ upload တင်ပေးထားပါတယ်။ တချို့ အကောင်းဆုံး vedio file တွေကိုတော့ သူရဲ့ server မှာ မရှိရင်တောင် အကောင်းဆုံး link တွေချိတ်ဆက်ပေးထားပါတယ်။

http://www.tutorials 20.com
ဂရပ်ဖစ်ဒီဇိုင်းပညာ ရပ်နဲ့ ပတ်သက်သမျှ image ဖန်တီးနည်း၊ ပုံရိပ်တွေကို ဖြတ်တောက် ပြင်ဆင်ခြင်းနဲ့ အခြားသော effect တွေကို ထည့်သွင်းပေါင်းစပ်ရင်း အကောင်းဆုံး အရည်အသွေးဖြစ်လာအောင် နည်းပညာများကို အခမဲ့ ရယူနိုင်သလို blog ဆန်ဆန်တည်ဆောက်ထားတဲ့ အတွက် သာမန်site ထက်သတင်းရရှိမှုတိကျ မြန်ဆန်ပါတယ်။ သင်ခန်းစာ အသစ်တစ်ခု web ပေါ်ရောက်လာချင်းမှာကို သူငယ်ချင်းတို့ mail ထဲကို ထည့် သွင်းအကြောင်းကြားပေးပါလိမ့်မယ်။

http://www.vistastyles.org
သူငယ်ချင်းတို့ရဲ့ desktop wallpaper တွေကို အမှန်တကယ်ချစ်စရာကောင်းပြီး ပြည့်ပြည့် ၀၀ အလှဆင်ပေးနိုင်တဲ့ wallpaper,icon တွေနဲ့ skin တွေကို ပေးထားပါတယ်။

http://www.webmate.com
social network တစ်ခုဖြစ်ပြီး online ပေါ်မှာ သူငယ်ချင်းတို့ အတွက် နေရာငယ်ကလေးတစ်ခုကို အခမဲ့ဖန်တီးပေးထားပါတယ်။အဲဒီနေရာလေးကနေတစ်ဆင့်ကိုယ့်ရဲ့ကဗျာတိုစလေးတွေရေးသားနိုင်သလို အဖွဲ့ဝင် အချင်းချင်း (ဥပမာ ရန်ကုန်နဲ့ မြန်မာပြည်တစ်လွှားမှာ ရှိနေတဲ့ သူငယ်ချင်းတွေကို ရှာဖွေမိတ်ဖွဲ့နိုင်ပါတယ်။ အခမဲ့ဖြစ်ပါတယ်။ ပြီးတော့ စိတ်လှုပ်ရှားစရာကောင်းလှတဲ့ content လေးတွေ အစုံအလင်ရှိပါတယ်။

http://www.whodoyou-love.com
ချစ်ခြင်းမေတ္တာနဲ့ ပတ်သက်တဲ့ အဆိုအမိန့်လေးတွေ၊ ecard လှလှလေးတွေနဲ့ စိတ်ဝင်စားဖွယ်ရာ လူနေမှု စတိုင်လေးတွေ၊ချစ်မှုရေးရာ ဗေဒင်စတဲ့ ကဏ္ဌငယ်လေးတွေနဲ့ အတူပျော်ရွှင်ဖွယ် ကမ္ဘာငယ်လေးတစ်ခုဖန်တီး တည်ဆောက်နိုင်စေဖို့ ရည်ရွယ်ပါတယ်။

http://www.wincustomize.com
ကိုယ်ရဲ့ cursor ကို vista cursor စတိုင်ပြောင်းချင်သလား။bootskin ကို စိတ်တိုင်းကျ တည်ဆောက်ချင်သလား၊ logo လှလှလေး၊ template လှလှလေးတွေ လိုချင်သလား၊folder iconတွေကို ဒီဇိုင်းအသစ်ပြောင်းလဲချင်သလား။ တစ်နေ့ကို ဒီဇိုင်းအသစ် ပေါင်း ခန့်မှန်းခြေ 100 ကျော် ရောက်ရှိ နေတဲ့ website တစ်ခုဖြစ်တယ်။wincustomize ထဲကို ၀င်မကြည့်ဖူးတဲ့ သူမှာ icon လှလှလေးတွေမရှိတတ်ဘူးလို့ ပြောစမှတ်ပြုကြပါတယ်။

http://www.xanga.com
ဓာတ်ပုံတွေ အခမဲ့ ရှယ်ယာလုပ်လို့ ရမယ်။ Vedio ဖိုင်တွေ အပြန်အလှန်ပို့ဆောင်နိုင်မယ်။audio ဖိုင်တွေရောပေါ့။ပြီးရင် သူငယ်ချင်းတို့ အတွက် subdomain စာမျက်နှာလေးတစ်ခု ကို web ပေါ်မှာ နေရာတစ်ခုပေးပါမယ်။ အဲဒီလို အရည်အချင်းကောင်းလေးတွေရှိနေတဲ့အတွက် xanga ကို ဥရောပနဲ့ အမေရိကား တစ်လွှား မှာထိုးတွက်လာတဲ့ social networking site တစ်ခုအဖြစ် ရေပန်းစားနေပါတယ်။

http://www.zaadz.com
စီးပွားရေး၊ဒသနိက၊ဆေးပညာ၊စိတ်ပညာ၊ကျန်းမာရေး စသဖြင့် ခေါင်းစဉ် တွေခွဲဝေထားပြီး online ပေါ်က နေ ebook တွေကို အခမဲ့ ဖတ်ရှုခွင့် ပေးအပ်ထားတဲ့ ဆိုက်စ်တစ်ခုဖြစ်ပါတယ်။အခမဲ့ registry လုပ်ခွင့်ပြုသလို အဖွဲ့ဝင်ဖြစ်ပြီဆိုတာနဲ့ တခြား member တွေနဲ့ share လုပ်လို့ ရသလို library မှာတင်ရှိပေးထားတဲ့ ebook မှန်သမျှဖတ်ရှုလို့ ရပါတယ်။ အလွန်ကောင်းမွန်တဲ့ ရည်ရွယ်ချက်ရှိပါတယ်။

http://www.yourminis.com
Gmail,Hotmail,yahoo စတဲ့ mail တွေကို access လုပ်လို့ရမယ်။ပြီးရင် blog တစ်ခုတည်ဆောက်နိုင်သလို vedio တွေ၊ photo တွေရှယ်ယာလုပ်တာတွေနဲ့ အလွန်စုံလင်လှတဲ့ yourminis ဟာ ဆိုက်တစ်ခုဆိုတာထက် online ပေါ်မှာ သုံးစွဲနေတဲ့ user အတွက် နောက်ထက် desktop အသစ်တစ်ခုလို့ ပြောလို့ရပါတယ်။အလွန်လှပခေတ်မီပြီး ဆန်းကြယ်တဲ့ နည်းပညာအရည်အသွေးတွေနဲ့ တည်ဆောက်ထားတဲ့ tool တွေပံ့ပိုးမှုတွေနဲ့ ကြွယ်ဝပါတယ်။
Readmore

~~~~မငိုပါနဲ့~~~~


ကောင်းသောနုတ်ဆက်ခြင်းပါ
မငိုပါနဲ့ နှလုံးသားရယ်...
ရှောင်လွဲမရတဲ့ ကံကြမ္မာကို
ဘာအတွက်ကြောင့်များ
ခွင့်တုန့်ပြန်နေချင်ရတာလဲ...။
အခိုးအငွေ့လေးတွေကို
ဆုပ်ကိုင်လို့
ငါ...ရဲရဲဝံ့ဝံ့ ပြုံးပြနေဦးမှာပါ
မျက်လုံးထဲက အရည်တွေ
ခမ်းခြောက်သွားတဲ့အထိပေါ့...။
ဒါပေမယ်.လေ.....
....နင်ရောက်နေတဲ့ အရပ်နေ
အပျင်းပြေနိုင်စေဖို့
အဆုံးသတ် မလှပတဲ့
ကာရံတွေ ရေးသီရင်း
ခပ်နွမ်းနွမ်း အလွမ်းသီးချင်းတစ်ပုဒ်လောက်တော့
ငါ...ဆိုညည်းနေပါရစေကွယ်...။
သြော်..ဒီညလည်း
အိပ်စက်ခြင်းကို
တစိမ်းဆန်ရအုံးမှာပါလား...။
   (မိုးဝသံ)
Readmore
Monday 29 April 2013

~~~~~~လွမ်းချင်းသံ~~~~~~



တစ်သက်မက

အမှတ်တရမို့

သတိရတဲ့အခါ

အနားမှာနင်မရှိ

ကြည့်သမျှကိုမမြင်

ကြားသမျှမှုန်ဝါး

ကြားသမျှတွေက

ငါ့နားဝမှာခါးသလိုလို

ပျားရည်လိုချိုတဲ့စကား

ဓါးသွားလိုထက်သွားတဲ့အခါ

လမ်းမှားကိုလိုက်သွားတဲ့လေ

ကမ်းပါးကိုတိုက်စားတဲ့ရေ

အလွမ်းများကိုပိုက်ထားတဲ့နွေလို

အခုတော့......

ငါတစ်ယောက်ထဲပဲလေ ...

♥ ♥ ♥ ♥ ♥
Readmore
Saturday 27 April 2013

" ရောမမြို့ကို အပ်နှင်းခြင်း "


" ရောမမြို့ကို အပ်နှင်းခြင်း "
~~~~~~~~~~~~~~~~

နိုးတစ်ဝက်နဲ့

အိပ်စက်ခဲ့ရသူအတွက်

ကြယ်ကြွေတစ်ခုရဲ့

မှိန်ပြာပြာအလင်းတန်းလောက်တော့

ငါ့ရင်ခုန်သံချစ်ခြင်းတွေ

ရှင်သန်ခွင့်ရချင်မိတယ် ...

မတူညီမှု့တွေနဲ့

အနိုင်ယူ ကျောခိုင်းသွားမှာကို

တိတ်တဆိတ် စိုးထိတ်နေမိသူပါ ...

ခြေရာတွေဖျောက်

ကမ္ဘာတစ်ဘက်ကို မင်း ရောက်မှ

လက်ပြနှုတ်ဆက် ကျန်ခဲ့ရသူရဲ့

နာကြင်မှု့ အပြုံးတစ်ဝက်ကို

ပိုင်ဆိုင်သူ မဖြစ်ပါရစေနဲ့ ချစ်သူ ရယ် ...

မင်း မရှိတဲ့ ငါ့ ဘဝဟာ

လမိုက်ညရဲ့ သန်းခေါင်ယံထဲ

ရိုးသားခြင်းမြို့ရိုးတစ်ခုနဲ့

ဖုန်းကွယ်ထားတဲ့

အပြာရောင် (ပြအိုး)လေးပါပဲ .. ချစ်သူ ရယ် ...

မင်း .. ခြွေယူသွားတဲ့

ကျရှုံးမှု့နေရာတစ်ခုပဲမဟုတ်လား ... ?

ငါ .. ခံစားနားလည်ထားတဲ့

ခေတ်အဆက်ဆက်က

ဒဏ္ဍာရီသူရဲကောင်းတွေဟာ

အရိပ်မဲ့ လက်နက်တစ်ခုမှာ

ဒူးထောက်ရှုံးနိမ့်တယ်ဆိုတာ တကယ်ပါလားနော် ...

ချယ်လှယ်ဖန်ဆင်းပါ ချစ်သူ ရယ် ...

ဧဒင်ဥယျာဉ်ကြီးရဲ့

တစ်ဒေါင့် တစ်နေရာက

ဒို့အတွက် ကွက်လပ်လေးထဲမှာပေါ့

ပျိုးချစိုက်ထူဖို့

ငါ့ရင်ခုန်သံ ချစ်ခြင်းတွေကို

မင်း  ...   မင်းမူနေရာယူလိုက်ပါ .....

                           Sai La Minn♥♥♥
Readmore

♥♥♥.........ချစ်သူသို့...........♥♥♥




ချစ်သူ
* လေတိုက်တိုင်း သစ်ရွက် လှုပ်သံဟာ
မင်းရဲ့ ခြေသံလား…..
ငှက်ကလေးတွေ
တေးဆိုသံဟာ
သာယာချိုမြိုင်တဲ့
မင်းရဲ့ခေါ်သံလား…
ငါ့ရဲ့ ရင်ထဲ အတွေးထဲမှာ
မင်းကစိုးမိုးလို့နေဆဲပါ…
ချစ်သူ…..
*   မင်းရဲ့ ရီ(ရည်)သံ ချိုချိုဟာ
ငါ့ရဲ့ နားထဲမှာ
ပဲ့တင်ထပ်ကာ
ကြားရောင်နေဆဲပါ….
ချစ်သူ…..
.*ကောင်းကင်ကိုမော့ကြည့်လိုက်တိုင်း
ကြည်လင်ဝင်းပနေတဲ့
လပြည့်ဝန်းကြီး ထဲမှာ
ချိုသာကြင်နာစွာ
ပြုံးနေတဲ့မင်းရဲ့ မျက်နှာကို
မြင်တွေကနေရဆဲပါ…..
ချစ်သူ…..
* ငါ့ရဲ့ အတွေးတွေကို
ဘယ်လိုဘဲဖျောက်ဖျက် ဖျောက်ဖျက်
မင်းကတော့ စိုးမိုးလို့ နေဆဲပါ..
ချစ်သူ..
*သက်ဆုံးတိုင်ထိ
ငါ့ရဲ့ ရင်ထဲ  နှလုံးသားထဲမှာ
ထင်ကျန်ခဲ့မဲ့ အရာဟာ
မင်းရဲ့(ချစ်သူရဲ့  )မျက်နှာလေး ပါ…….ချစ်သူ

posted by ချစ်သူ
Readmore

~~~~ခွဲခွါချိန်~~~~

တွေ့ ၊ ဆုံ ၊ ကြုံ၊ ကွဲ ဓမ္မတာမမြဲဆိုတာကို
သိနေခဲ့ပေမယ့်၊ငါတို့ရဲ့ချစ်ခြင်းတွေထဲ
ဒီလိုသာအဆုံးဖြတ်ပေးခဲ့လိမ့်မယ်လို့
အိမ်မက်ထဲမှာတောင်ထည့်မမက်ခဲ့ဖူးလေ....။
~~~~လွမ်းတယ်ဆိုတာ၊ခွဲခွါခြင်းရဲ့လွမ်းချင်းသံမှန်းသိခဲရတဲ့
အခိုက်တဲ့၊အချစ်ရဲ့တစ်ခန်းရပ်ပြက်ဇာတ်တစ်ပုဒ်က
ပြက်ယုဝ်အဖြစ်သာကျန်ရစ်ခဲ့ရတယ်....။ 
~~~~~အလုံးစုံသော၊ချစ်ခြင်းများဟာ
ငါတို့ရဲ့နှလုံးသားနယ်ပယ်ထဲမှာ၊မြစ်တစ်စင်းပမာ
စီးဆင်းဆူပွနေခဲဘယ်မဲ့၊ခွဲခွါခြင်းစက္ကန့်လေးတွေကြား
စီပျော့နေခဲရလေရဲ့...။
အော်....ချစ်သူ.......
လက်ကာပြလို့နုတ်ဆက်ခဲ့တာ
အယောင်ဆောင်ပိုက်ပယ်ထားခဲ့တာမဟုတ်သလို
မျက်လွှာချက်လို့၊နောက်ပြန်လှည့်ခဲတာဟာ
မမြင်ယောင်ဆောင်၊ထွက်ခဲ့တာမဟုတ်ပါ။
"ခွဲခွါချိန်"ဆိုတဲ့အချိန်ရှားရဟတ်၊မရပ်တန့်နိုင်သရွှေ့
ရင်ကွဲပက်လက်ခရီဆက်ရင်းနဲ့သြော်...လွမ်း မိပါတယ်
နောက်ဆုံသော"ခွဲခွါချိန်"လေးရယ်.........။
                                စာရေးသူ--သျှင်ဇံ
Readmore

ကြယ်ကြွေပုံပြင်

ကြယ်ကြွေပုံပြင်
~~~~~~~~~
 
လင်းလက်ခွင့်မရှိတော့တဲ့

ကောင်းကင်ထက်ကကြယ်တစ်ပွင့်လို

နက္ခတ်မှားခဲ့ ငါ့နှလုံးသားလည်း

မရုန်းထွက်နိုင်တဲ့သမုဒယကျော့ကွင်းမှာ

ညွတ်ကွင်း မိခဲ့ပေါ့ ။

ချရေးလို့မရတဲ့ ၀ါကျတွေကို

ရင်ထဲမှာမြိုသိပ်ရင်း

ဆန္ဒအပျက်အခင်းကြားက

လမင်းကိုပြန်ဆုံတွေ့နိုင်ဖို့ဆိုတာ

နိုးတစ်ဝက်အိပ်ပျက်ညမှာ

ယောင်ရမ်းမက်တဲ့ဆောင်းအိပ်မက်လိ

ငါ့အတွက် အငွေ့ပျံမြန်လွန်းတယ်။

လမင်းရေ.......

ချစ်ခွင့်မရှိတဲ့နင့်ရင်ခွင်ကိုတမ်းတလို့

လောင်ကျွမ်းခဲ့ရနှလုံးသားတစ်စုံနှင့်

သတိရခြင်းကျောက်စာကို

ငါ့နှလုံးသားနံရံမှာထွင်းထုပြီး

သက္ကရာဇ်တွေပြောင်းလဲလာတိုင်း

မပြောင်းလဲတဲ့Valentine'dayမှာ

ငါတစ်ယောက်တည်း

နင့်ကို...လွမ်းနေခဲ့ရတယ်။ ။
  post by***  Sai LaMinn♥♥♥
Readmore
Friday 29 March 2013

ချစ်ခြင်းသည်...

ချစ်ခြင်းသည်.............

နားလည်မူ့ပေါင်းမြောက်များစွာကို
ရင်ဆိုင်ဖို့ကြိုးစားယင်း
အကြိမ်ကြိမ်ပြိုကျလာရေ မျက်ရေစက်တိ၏
မှားယွင်းမူ့...။
ရင်ထက်မွိပျော်ရေ ချစ်ခြင်းတိနန့်
ရုန်းရင့်ကြမ်းတမ်းရေ သွင်ပြင်လက္ခဏာရို့
ဆုံတွိ့ခြင်းကမ်းစပ်၏
အကွာအဝီး....။
အမှတ်တရကံတရား၏
သင့်ပြန့်ရေမွီးရနံတိနန့်တတူ
ဖြေသိမ့်ခြင်းကောင်းကင်၏
ဝမ်းနည်မူ့..။
အရောင်တူဝတ်ရုံများနန့် လင်းလက်သော
အာရုံသမုဒ္ဒရာရင်ပြင်တွင်
အပြာရောင်ပန်းပွင့်တိဖူးမုံရေ
အနက်ရောင်ရင်ခွင်ပြင်၏
အကျည်းတန်သော
မွန်းကျပ်မူ့....။
အလက်လက်တောက်ပရေ
အဘိဓမ္မာကျမ်း၏
မှော်ဆန်သော နှလုံးသားတိသည်
ဒေချစ်ခြင်းအား
ရိရင့်စွာစွန့်ပယ်နိုင်သော
သတ္တိအား
တည်စီ၏...။    ။
         ( စိုးရီသူ) "ရက္ခဝံလက် ရခိုင်အမျိုးသားမဂ္ဂဇိန်း"
Readmore

ငါ့ချစ်ခြင်း


ချစ်တတ်သူများ၊သတိထားဖို့
မေတ္တာရှိရာ၊ငါ့ကမ္ဘာသို့
သစ္စာမိ့သူ၊မလာရ...။
ငါရွီးသားရာ၊ချစ့်ကဗျာကို
ကြင်နာမိ့သူ၊မဖတ်ရ....။
အနိုင်းမိ့ရင်ခွင်၊နန်းတော်ဝင်မှာ
အချစ်လှေီကြား၊တပ်ဆင်ထားလည်း
စိတ်ပြောင်းတတ်သူ၊မလာရ....။
နီရောင်မမွီ၊လရောင်မရ
သြော်ဇာမြီနစ်၊မဖြစ်သည့်ဝယ်
ချစ်ခြင်းတိကို၊မပျိုးရ...။
လာချင်လို့ငြား၊ချစ်ချင်ပါကါး
ှုဤအချက်များ၊သတိထားလို့
အသဲတံခါး၊ခေါက်လို့ပြောလော့...။ ။
                                        သားချေ(အဖရခိုင်ပြည်)
Readmore
Wednesday 27 March 2013

best english flash song

Readmore
Tuesday 26 February 2013

အကြည်တော်၏ စာအုပ်များ


Readmore

**မငိုပါနဲ့ မောင်လေးရယ်**

Readmore
Thursday 21 February 2013

(***လမင်းသို့ပန်ကြားခြင်း***)


Readmore

ငါချစ်ခြင်း..၂

(ငါချစ်ခြင်း..၂..)

***အစမရှိဘဲ အဆုံးမသတ်တဲ့
နိဒါန်မရှိဘဲ နိဂုန်းဆိုတာ
အနှစ်မရှိတဲ့ အကာ
နှလုံသားမရှိတဲ့ လူ
အသက်မရှိတဲ့ ခန္ဒာလို
အဓိပ္ပါယ်မဲ့တဲ့ ချစ်ခြင်းဆိုတာမရှိဘူးတဲ့
အဲဒါလောကရဲ့ သီအိုရီလိုဆိုကြတယ်....။
***သြော်...ဒါဆိုရင်...
မှန်းဆက်မရတဲ့လောက
ယုံကြည်မှု့ အပိုင်းစလေးတွေနဲ့
ဖြေးဖြေးချင်း တည်းဆောက်ခဲ့တဲ့"ငါ့ချစ်ခြင်း"
ပြင်းထန်တဲ့ ချစ်ခြင်းလိုင်းတပိုးအောက်
မနက်ဖန် ဘာဖြစ်မလဲ မသိရလို့
အပြောင်းလဲကို သေမလောက်အောင်
စိုးကြောက်ခဲမိပြန်တယ်.....။
***မှန်းမရတဲ့လောကကို ရင်ဆိုင်ဝံ့ဖို့
ချစ်ရသူ လွမ်းသက်ထားကို ပြောလိုက်ချင်တယ်
"ငါ့ချစ်ခြင်း"တွေက အလှတရားကို ဖက်တွယ်မထားဘူး
အမုန်းတရားကို မဏ္ဍိုင်မထားဘူး ချစ်ခြင်းပေါင်းကူးတံတားလေးပါ...။
မေတ္တာကို အမိုးကာ သစ္စာကိုမဏ္ဍိုင်ပြု
နားလည်မူ့ကို ထရံကာ ငါ့ချစ်ခြင်းဆို မင်းပါဘဲ
ချစ်သူသက်ထားရယ်.....။

စာရေးသူ=သျှင်ဇံ

Readmore
Tuesday 5 February 2013

လောကသစ်ပင်


Readmore

အိမ်မက်ချစ်သူ


Readmore
Thursday 31 January 2013

နောက်ကျ ချစ်သူ


Readmore

သို...သီတာထွေး

အဲဒီမြေမှာ

မြက်တစ်ပင် ... ကျူတစ်ရိုး

ကိုယ်တိုင်မစိုက်ပျိုးဖူးပေမယ့်

ရခိုင်တွေရဲ့ဝိညာဉ်ဟာ

ငါ့ရင်မှာပူးကပ်

ရိုးမမြေအတွက် ရူးမတတ်ခံစားရတယ် ။

သီတာထွေးရေ ...

စကားတစ်ခွန်း ... သွေးတစ်စက်မှ

မခင်လိုက်ရ .. မတော်စပ်လိုက်ရပေမယ့်

မင်းခံစားခဲ့ရတဲ့ဝေဒနာအတိုင်း

ငါ့နှလုံးသားမှာ ပြတ်ရှ

ဒဏ်ရာတွေ အလိမ်းလိမ်းထနေတယ် ။

ငါ ... ရခိုင်မဟုတ်ပေမယ့်

ရခိုင်ပြည်အေးချမ်းဖို့

ရခိုင်တွေအတွက် စတေးပေးဖို့ လိုရင်

ငါဟာ .... ရခိုင်တစ်ယောက်ဖြစ်တယ် ။

မိုးစက်နီ
၃၀. ဇန်န၀ါရီ. ၂၀၁၃

Readmore

မွေးရပ်မြေရဲ့ အကြောင်း

မွေးရပ်မြေရဲ့ အကြောင်း
Readmore
Newer Post Older Post Home

Blog Archive

Popular Posts

My Blog List

Related Posts Plugin for WordPress, Blogger...

glitter link generator
Related Posts Plugin for WordPress, Blogger...
Powered by Blogger.

to watch Blog Archive