***ချစ်သူပျော်ရာ***နွေးထွေးစွာကြိုဆိုပါ၏***ချစ်တဲ့သူတိုင်းငြား၍***ငြားတဲ့သူတိုင်း***ချစ်နိုင်ကြပါစေ***
Tuesday 5 February 2013

လောကသစ်ပင်




လောကသစ်ပင်
**********
ရော်ရွက်ဝါ ကြွေလွင့်
ကြွေလုလု ရော်ရွက်ဝါ
သစ်ပင်ကို အားကုန်တွယ်လျှက်
ကြီးပြင်းစ ရွက်စိမ်းလေးများ
လေဟုန်မှာ မြူးကြွ
ရွက်သစ်တို့
ရောင်နီမျှော်
အားမာန်တစ်ချို့နဲ့
ရွက်နုတို့ ဝေဆာနေဆဲ........။

ရွက်လှလေးတစ်ချို့
ပိုးကိုက်လို့ လွင့်ကြွေ
ရွက်နုတစ်ချို့
လေပြင်းရိုက်ချက်နဲ့
သက်တမ်းမပြည့်ခင်
မြေခကြလေပြီ။

ထွက်သစ်စရွက်နုလေးများ
ရာသီဒဏ်ချက်နဲ့
ရွက်သစ်လေးမှမဖြစ်ခင်
ပျက်သုဉ်းရလေတော့..........

နုရင့်မဟူ၊ မာန်မထူနဲ့
ငါမူမမြဲ၊ စိတ်မှာစွဲ၍
တည်ဆဲခဏ၊ ကိုယ့်ကိစ္စကို
ပြုကြမှသာ သင့်မည်တည်း............။
(ashin eindacara)

0 comments:

Newer Post Older Post Home

Popular Posts

My Blog List

Related Posts Plugin for WordPress, Blogger...

glitter link generator
Related Posts Plugin for WordPress, Blogger...
Powered by Blogger.

to watch Blog Archive