Tuesday, 30 April 2013
ယုတ္တိတန်တန်အတွးနဲ့ ယုတ္တိမတန်တဲ့အတွေး
တစ်ခါတုန်းက ဧရာဝတီတိုင်းမှာရှိတဲ့ရွာလေးတစ်ရွာမှာ လယ်သမားကြီးတစ်ယောက်ဟာ ရွာထဲက ငွေတိုးပေးစားသူကို ပေးစရာအကြွေးများလွန်းတာကြောင့် ဒုက္ခရောက်နေခဲ့တယ်။
အသက်ကြီးကြီး ရုပ်ဆိုးဆိုး ငွေတိုးပေးစားတဲ့ သူဌေးကြီးကလည်း လယ်သမားကြီးရဲ့ လှပတဲ့သမီးလေးကို လိုချင်နှစ်သက်နေတယ်။ ဒါကြောင့် အပေးအယူတစ်ခုကိုကမ်းလှမ်းလိုက်တယ်။
လယ်သမားကြီးရဲ့သမီးသာ သူ့ကိုလက်ထပ်ရင် လယ်သမားကြီး တင်နေတဲ့ အကြွေးတွေပြန်ဆပ်စရာမလိုဘူးလို့ပြောလိုက်တယ်။ သားအဖနှစ်ယောက်လဲ သူဌေးကြီးရဲ့ကမ်းလှမ်းချက်ကြားတော့ တုန်လှုပ်ခြောက်ခြားသွားတယ်။
ကောက်ကျစ်တဲ့ သူဌေးကြီးဟာ ကံစီမံရာအတိုင်း လက်ခံကြဖို့ တိုက်တွန်းလိုက်တယ်။ သူဌေးကြီးက ကျောက်ခဲ အမည်းတစ်လုံးနဲ့ အဖြူတစ်လုံးကို ပိုက်ဆံအိတ်ထဲ ထည့်ထားမယ်။ မိန်းကလေးက ကျောက်ခဲ့တစ်လုံးကို အိတ်ထဲကနေ နှိုက်ယူရမယ့်။
(၁) မိန်းကလေးဟာ ကျောက်ခဲ အမည်း ကို ကောက်ယူမိရင် သူ့ရဲ့မိန်းမအဖြစ်လက်ခံရမယ်။ လယ်သမားကြီးရဲ့ အကြွေးတွေလဲ ပြန်ဆပ်စရာမလိုဘူး။
(၂) မိန်းကလေးဟာ ကျောက်ခဲ အဖြူကိုကောက်ယူမိရင် သူ့ကိုလည်းယူစရာမလိုဘူး လယ်သမားကြီးရဲ့ အကြွေးတွေကိုလဲ ပြန်ဆပ်စရာမလိုဘူး။
(၃) မိန်းကလေးဟာ ကျောက်ခဲကို ကောက်ယူဖို့ ငြင်းဆန်ခဲ့မယ်ဆိုရင်တော့ လယ်သမားကြီးကို ထောင်ထဲ ထည့်ပစ်မယ်။
လို့ပြောလိုက်တယ်။
သူတို့အားလုံး ကျောက်တုံးလေးတွေ ပြန့်ကျဲနေတဲ့ လယ်သမားကြီးရဲ့ လယ်ထဲမှာရပ်နေကြတယ်။ သူတို့စကားပြောနေစဉ်မှာပဲ သူဌေးကြီးဟာ ကျောက်ခဲနှစ်လုံးကို ကုန်းကောက်လိုက်တယ်။
သူအဲ့လိုကောက်လိုက်စဉ်မှာ မိန်းကလေးရဲ့ လျင်မြန်တဲ့မျက်လုံးတွေက သူဌေးကြီး ကျောက်ခဲ အမည်းနှစ်လုံးကောက်ယူပြီး အိတ်ထဲထည့်လိုက်တာတွေ့လိုက်ရတယ်။
ပြီးတော့ မိန်းကလေးကို ကျောက်ခဲတစ်လုံးကောက်ယူခိုင်းတယ်။
(သင်သာလယ်ကွင်းထဲမှာရပ်နေတဲ့ မိန်းကလေးနေရာမှာရောက်နေရင် ဘယ်လိုလုပ်လိမ့်မလဲ။ မိန်းကလေးကို အကြံဥာဏ်ပေးမယ်ဆိုရင်ကော ဘယ်လိုအကြံပေးမလဲ ဖြစ်နိုင်တာတွေကိုစဉ်းစားကြည့်ရင်တော့
(၁) မိန်းကလေးက ကျောက်ခဲကို နှိုက်မယူနိုင်ကြောင်းပြောမယ်
(၂))မိန်းကလေးက အိတ်ထဲမှာ ထည့်ထားတာ ကျောက်ခဲ မည်းနှစ်လုံးဖြစ်ကြောင်းထုတ်ဖော်ပြောဆိုပြီး သူဌေးကြီး လိမ်ထားတာကိုပေါ်အောင်လုပ်မယ်။
(၃)မိန်းကလေးက ကျောက်ခဲ အမည်းကိုသာပဲ နှိုက်ယူပြီး ဖခင်ရဲ့ အကြွေးတွေနဲ့ ထောင်ကျခြင်းကို ဘဝနဲ့ရင်းပြီး ကယ်တင်လိုက်မယ်။
ပုံပြင်လေးအကြောင်း ခဏလောက် သေသေချာချာ စဉ်းစားကြည့်ရအောင်ဗျာ။ ဒီပုံပြင်လေးဟာ ယုတ္တိရှိတဲ့ အတွေးနဲ့ ယုတ္တိမရှိတဲ့အတွေး ရဲ့ ခြားနားချက်တွေကို စိတ်ဝင်စားစရာကောင်းပြီး လေးစားစရာကောင်းတဲ့ မျှော်လင့်ချက်တွေနဲ့ဖွဲ့တည်နေတာပါပဲ။
မိန်းကလေးရဲ့ ဘေးကျပ်နံကျပ်အခြေအနေ ဟာ သာမန်ယုတ္တိဆန်ဆန်အတွေးမျိုးနဲ့ ဖြေရှင်းလို့မရပါဘူး။ အထက်ကဖော်ပြခဲ့တဲ့ ဖြစ်နိုင်ခြေရှိတဲ့ အဖြေတစ်ခုကိုရွေးချယ်ခဲ့မယ်ဆိုရင် အဲ့ဒီအဖြေရဲ့ အကျိုးဆက်ကိုလည်းစဉ်းစားရပါမယ်။
ကဲ သင် မိန်းကလေးကို သင်ဘယ်လိုများ အကြံပေးချင်ပါသလဲ ?????
မိန်းကလေးလုပ်ပြလိုက်တာကတော့
မိန်းကလေးဟာ ပိုက်ဆံအိတ်ထဲကိုလက်နှိုက်ထည့်လိုက်ပြီး ကျောက်ခဲ့တစ်လုံးကိုနှိုက်ယူလိုက်တယ်။ ပြီးတော့ ကျောက်ခဲကိုကြည့်မနေတော့ဘဲ ကချော်ကချွတ်ဟန်နဲ့ ကျောက်ခဲပုံထဲလွှတ်ချလိုက်တယ်။ ကျသွားတဲ့ကျောက်ခဲလေးဟာ တခြားကျောက်ခဲတွေနဲ့ရောပြီး ပျောက်သွားတယ်။
ပြီးတော့ ပြောလိုက်တယ်၊
ကျွန်မတော်တော်နမော်နမဲ့နိုင်တာပါပဲရှင်။ ဒါပေမယ့် ကိစ္စမရှိသေးပါဘူး သူဌေးကြီးအိတ်ထဲမှာ ကျန်တဲ့ ကျောက်ခဲလေးကိုကြည့်လိုက်ရင် ကျွန်မ ဘယ်ကျောက်ခဲကို နှိုက်ယူလိုက်တယ်ဆိုတာ ပြောနိုင်ကြမှာပါ။
ကျန်နေသေးတဲ့ ကျောက်ခဲလေးက အမည်းရောင်ဖြစ်နေတော့ မိန်းကလေး နှိုက်ယူလိုက်တာဟာ အဖြူရောင်ဆိုတဲ့သဘောသက်ရောက်သွားပါတယ်။ သူဌေးကြီးကလည်း သူရဲ့ စဉ်းလဲတဲ့ အကြံကို ဝန်မခံရဲတာကြောင့် မိန်းကလေးအတွက် မဖြစ်နိုင်တဲ့ အခြေအနေကို အကောင်းဆုံးအကျိုးရှိအောင် အသုံးချသွားနိုင်ခဲ့တယ်။
မှတ်သားစရာကတော့အရှုပ်ထွေးဆုံးပြဿနာတွေမှာဖြေရှင်းစရာနည်းတစ်ခုတော့ရှိပါတယ် အဲ့တာကိုတော့ ကျွန်တော်တို့စဉ်းစားဖို့ မကြိုးစားကြတတ်ပါဘူး။
စာရေးသူ-လေပြေ
Subscribe to:
Post Comments (Atom)
Popular Posts
-
(တကယ်ဆိုရင်.... ...အချစ်ပဲလိုတယ်) ညအချိန်ရောက်ရင် ငွေလမင်းရဲ့ ပတ်ပတ်လည်မှာ ကြယ်စင်လေးတွေ ခစားကြသလို ...
-
ရှစ်ဆယ်စု နှစ်များ၏ တစ်နေ့။ နေရာက အင်္ဂလန် နိုင်ငံ ဟက်ဒင်တန် ရွာကလေး။ ထိုရွာ ကလေးမှာ ရတနာ နတ်မယ်နှင့် ကျွန်တော် တွေ့ဆုံ မိကြမယ်၊...
-
Valentine's Day ရောက်လာတော့မယ်ဆိုတော့ ကျွန်တော် စိတ်ကူးတစ်ခုပေါ်လာတယ်..။ ဒါကတော့ လူတွေ ပါးစပ်ဖျားမှာတော့ " . . ချစ်သ...
-
(မျက်ရည်ငိုသောမိုး) ပြာရီမှုန်ဖျန်း................ ဝေဟင်နန်းဝယ် လျှပ်ပန်းယှက်ဖြာ ............မိုးမာလာသည် ...
-
I miss you The hours seem like days The days seem like weeks The weeks seem like years Not talking to you, Has brought me so many t...
-
ကြယ်ကြွေပုံပြင် ~~~~~~~~~ လင်းလက်ခွင့်မရှိတော့တဲ့ ကောင်းကင်ထက်ကကြယ်တစ်ပွင့်လို နက္ခတ်မှားခဲ့ ငါ့နှလုံးသားလည်း မရုန်းထွက်နိုင်တဲ့...
-
ဖောက်ပြန်နေတဲ့ ချစ်သူ မုန်းလို့မရ ပြုံးပြဖို့လဲ ခက်လှတယ် ။ တအုန်းအုန်းထနေတဲ့ အချစ်သစ်တွေနဲ့ ပျော်ပြီးရင်း ပျော်ပါစေတော့ တားမရလဲ ထားရစ်ပါရ...
!-kp3နည်းပညာ-http:>
My Blog List
Categories
- coolest love musics (1)
- coolest love pomes (2)
- flash song (1)
- ကဗျာကဏ္ဍ (31)
- စာအုပ်စင် (1)
- ရသ/ဝတ္ထု (3)
- ဆောင်းပါကဏ္ဍ (2)
Powered by Blogger.






0 comments:
Post a Comment