***ချစ်သူပျော်ရာ***နွေးထွေးစွာကြိုဆိုပါ၏***ချစ်တဲ့သူတိုင်းငြား၍***ငြားတဲ့သူတိုင်း***ချစ်နိုင်ကြပါစေ***
Tuesday 6 August 2013

ဒီမိုကရေစီအရေးတော်ပုံ

                             
၈၈ မိုင် ရှုခင်းမှာ

ကျီးကန်းတအုပ်

ခွေးသေကောင်ပုပ်ကို

ရေစုန်မှာ ဖောင်လုပ်စီးလို့



၈၈ မိုင်ရှုခင်းမှာ

ရန်သူက ဝါရှင်တန်ဒီစီအထိ တက်သိမ်းထားပြီး

သူရဲကောင်းတွေက ကမ္ဘာလှည့်လို့

သူတော်ကောင်းတွေက ရွှေတိဂုံဘုရားဖူးထွက်လို့



၈၈ မိုင်ရှုခင်းမှာ

တောင်ကွယ်နေစွယ်ချိန် တိမ်အိုတိမ်မင်းတွေ

လူသတ်ကုန်းကို ပြခန်းစောင့်လုပ်လို့


ဆိုင်းသံဗုံသံတွေအောက်မှာ

အတိတ်ကို လူသတ်အလောင်းဖျောက်လို့

ပစ္စုပ္ဗန်ငရဲပျက်ကို တိတ်တိတ်ပုန်း ကိုယ်ဝန်ဖျက်လို့

အများပြည်သူသဘောမတူ

အမိန့်အာဏာဟူသမျှ ဖီဆန်ကြကနေ

မီးလောင်ဗုံးမဟုတ်ဘူး မီးခုံးဗုံး

၈၈ မိုင်ရှုခင်းကနေ

တပ်တော်ဦးဆီမျှော်ကြည့်တော့



၈၈ မိုင်ရှုခင်းရဲ့ အနာတရမြေပုံကို

တစချင်း ဆက်စပ်ကြည့်မိတော့

သမိုင်းပါမက

ပထဝီပါကွေးလို့
post by fb_Arakan Thein

0 comments:

Newer Post Older Post Home

Popular Posts

My Blog List

Related Posts Plugin for WordPress, Blogger...

glitter link generator
Related Posts Plugin for WordPress, Blogger...
Powered by Blogger.

to watch Blog Archive