Sunday, 30 June 2013
ကျေရာကျေကြောင်း
ဖောက်ပြန်နေတဲ့ ချစ်သူ
မုန်းလို့မရ ပြုံးပြဖို့လဲ ခက်လှတယ် ။
တအုန်းအုန်းထနေတဲ့
အချစ်သစ်တွေနဲ့
ပျော်ပြီးရင်း ပျော်ပါစေတော့
တားမရလဲ
ထားရစ်ပါရစေကွယ် ။
နှလုံးသားထဲက
အပြာရောင်မျက်ရည်
နင် မကြိုဆိုခဲ့ဖူးပါ
မျက်လုံးထဲက အပြုံး
အသိအမှတ်ပြုခြင်းမခံခဲ့ရပါ ။
မင်းရဲ့ မက်လုံး လှလှလေးတွေကိုတော့
အပျက်တွေက အကောင်းထင်တာပေါ့ကွယ် ။
အမှတ်တရ တွေ အဟုတ်တရ တွေ
ခဏခဏ ခလုတ်တိုက်ခံရတာများတော့လဲ
ငါ နည်းနည်းတော့ ယိုင်ချင်မိတာ ၀န်ခံပါတယ်
ယိုင်ရုံလေး ယိုင်ခဲ့တာပါ
ချစ်သူကိုအံတုပြီး ဘာမှ မပြိုင်ခဲ့ဖူးပါ ။
ချစ်သူနဲ့ ပတ်သက်ပြီး
တခါမှ ခေါင်းမခါခဲ့ဖူးပါ
အသားမာ တက်နေတဲ့
ငါ့ နှလုံးသား
အမြဲပြုံးဖို့ အားတင်းခဲ့တယ် ။
ပလီပလာ စကားတွေကြားထဲ
ငါ့ နာရီတွေ အစားခံလိုက်ရတယ်
မင်းဖြိုချလိုက်လို့
ပြိုကျသွားတဲ့ ငါ့ရဲ့ အိပ်မက်တွေများလှပါပြီ ။
သေမင်းတောင် ကြွေဆင်းရတဲ့
မင်းရဲ့ အပြုံး ကို
ထပ်ပြီး တမ်းတမနေတော့ဘူး
စစ်ခင်းပြီးလဲ မင်းရဲ့ အကြင်နာ
မလိုအပ်တော့ဘူး ။
အချိန် တချိန်ရဲ့ တိုက်စားမှုကိုစောင့်စားရင်း
အလွမ်းရေချောင်းထဲကို
ချစ်သူရဲ့ နောက်ကြောင်းမအေးတဲ့အဖြစ်
မျောလိုက်ပါတော့မယ်။
မုန်းလို့မရ ပြုံးပြဖို့လဲ ခက်လှတယ် ။
တအုန်းအုန်းထနေတဲ့
အချစ်သစ်တွေနဲ့
ပျော်ပြီးရင်း ပျော်ပါစေတော့
တားမရလဲ
ထားရစ်ပါရစေကွယ် ။
နှလုံးသားထဲက
အပြာရောင်မျက်ရည်
နင် မကြိုဆိုခဲ့ဖူးပါ
မျက်လုံးထဲက အပြုံး
အသိအမှတ်ပြုခြင်းမခံခဲ့ရပါ ။
မင်းရဲ့ မက်လုံး လှလှလေးတွေကိုတော့
အပျက်တွေက အကောင်းထင်တာပေါ့ကွယ် ။
အမှတ်တရ တွေ အဟုတ်တရ တွေ
ခဏခဏ ခလုတ်တိုက်ခံရတာများတော့လဲ
ငါ နည်းနည်းတော့ ယိုင်ချင်မိတာ ၀န်ခံပါတယ်
ယိုင်ရုံလေး ယိုင်ခဲ့တာပါ
ချစ်သူကိုအံတုပြီး ဘာမှ မပြိုင်ခဲ့ဖူးပါ ။
ချစ်သူနဲ့ ပတ်သက်ပြီး
တခါမှ ခေါင်းမခါခဲ့ဖူးပါ
အသားမာ တက်နေတဲ့
ငါ့ နှလုံးသား
အမြဲပြုံးဖို့ အားတင်းခဲ့တယ် ။
ပလီပလာ စကားတွေကြားထဲ
ငါ့ နာရီတွေ အစားခံလိုက်ရတယ်
မင်းဖြိုချလိုက်လို့
ပြိုကျသွားတဲ့ ငါ့ရဲ့ အိပ်မက်တွေများလှပါပြီ ။
သေမင်းတောင် ကြွေဆင်းရတဲ့
မင်းရဲ့ အပြုံး ကို
ထပ်ပြီး တမ်းတမနေတော့ဘူး
စစ်ခင်းပြီးလဲ မင်းရဲ့ အကြင်နာ
မလိုအပ်တော့ဘူး ။
အချိန် တချိန်ရဲ့ တိုက်စားမှုကိုစောင့်စားရင်း
အလွမ်းရေချောင်းထဲကို
ချစ်သူရဲ့ နောက်ကြောင်းမအေးတဲ့အဖြစ်
မျောလိုက်ပါတော့မယ်။
jasmine

Subscribe to:
Post Comments (Atom)
Blog Archive
Popular Posts
-
(တကယ်ဆိုရင်.... ...အချစ်ပဲလိုတယ်) ညအချိန်ရောက်ရင် ငွေလမင်းရဲ့ ပတ်ပတ်လည်မှာ ကြယ်စင်လေးတွေ ခစားကြသလို ...
-
(----------အထီးကျန်-----------) မင်းအကြောင်း...............ခေါင်းထဲထည့်ပြီး တခဏမှ...
-
(မျက်ရည်ငိုသောမိုး) ပြာရီမှုန်ဖျန်း................ ဝေဟင်နန်းဝယ် လျှပ်ပန်းယှက်ဖြာ ............မိုးမာလာသည် ...
-
ကြယ်ကြွေပုံပြင် ~~~~~~~~~ လင်းလက်ခွင့်မရှိတော့တဲ့ ကောင်းကင်ထက်ကကြယ်တစ်ပွင့်လို နက္ခတ်မှားခဲ့ ငါ့နှလုံးသားလည်း မရုန်းထွက်နိုင်တဲ့...
-
ရှစ်ဆယ်စု နှစ်များ၏ တစ်နေ့။ နေရာက အင်္ဂလန် နိုင်ငံ ဟက်ဒင်တန် ရွာကလေး။ ထိုရွာ ကလေးမှာ ရတနာ နတ်မယ်နှင့် ကျွန်တော် တွေ့ဆုံ မိကြမယ်၊...
-
>>>My Endless Love>> I loved you the moment I saw your precious face. You took hold of my heat; made it your own sp...
-
Valentine's Day ရောက်လာတော့မယ်ဆိုတော့ ကျွန်တော် စိတ်ကူးတစ်ခုပေါ်လာတယ်..။ ဒါကတော့ လူတွေ ပါးစပ်ဖျားမှာတော့ " . . ချစ်သ...
-
မွေးရပ်မြေရဲ့ အကြောင်း
!-kp3နည်းပညာ-http:>
My Blog List
Categories
- coolest love musics (1)
- coolest love pomes (2)
- flash song (1)
- ကဗျာကဏ္ဍ (31)
- စာအုပ်စင် (1)
- ရသ/ဝတ္ထု (3)
- ဆောင်းပါကဏ္ဍ (2)
Powered by Blogger.
0 comments:
Post a Comment