Tuesday, 26 February 2013
**မငိုပါနဲ့ မောင်လေးရယ်**
**မငိုပါနဲ့ မောင်လေးရယ်**
မငိုပါနဲ့ မောင်လေးရယ်
မောင်လေးဘေးမှာ မမရှိပါတယ်
ဗိုက်ဆာနေလို့ ငိုနေတာလားမောင်လေးရယ်
မုန့် စားကျောင်းဆင်းရင်
ဆရာမဆီကမုန့် တောင်းကျွေးပါ့မယ်
မျက်ရည်တွေမကျပါနဲ့ လားမောင်လေးရယ်
မောင်လေးငိုတော့
မမလည်းငိုချင်တယ်ကွယ်..။
အို အေ အေ အို
အငိုရယ်တိတ်ပါတော့လားကွယ်
မမစာတွေကျက်ရဦးမယ်
မမစာတွေတွက်ရဦးမယ်
စာမပြီးရင်ဆရာမကရိုက်လိမ့်မယ်..။
မငိုပါနဲ့ မောင်လေးရယ်
အိပ်ပါတော့ကွယ်
အိပ်ယာကနိုးရင်
မမကွန်းပိုးလို့ ဆော့ကစားပေးပါ့မယ်
မမစာတွေလုပ်ရဦးမယ်မောင်လေးရယ်
မမပညာတတ်ကြီးဖြစ်ချင်တယ်ကွယ်
ပညာတတ်မှ မမတို့ လူရာဝင်မယ်
လူရာဝင်မှ လူရာသွင်းခံရမယ်
လူရာသွင်းခံရမှ လူပီသနိုင်မယ်
လူပီသနိုင်မှ လူသားတာဝန်ကျေပွန်နိုင်မယ်ကွဲ့ ..။
မငိုပါနဲ့ မောင်လေးရယ်
အငိုနဲ့ စပြီးအငိုနဲ့ အဆုံးသတ်တဲ့ဘ၀ခရီးမှာ
အပူမီးတွေကိုအပြုံးမပျက်ဘဲ
ငြိမ်းသတ်နိုင်ရမယ်ကွဲ့ 
နေတတ်ရင်ကျေနပ်စရာပါမောင်လေးရယ်
ဘာအားငယ်စရာလိုလဲကွဲ့ 
အမှိုက်ပုံထဲစွန့် ပစ်ခံရတဲ့ကလေးတွေထက်စာရင်
မောင်လေးအများကြီးကံကောင်းပါတယ်ကွယ်
မောင်လေးဘေးမှာ မမရှိနေသေးတယ်..။
မငိုပါနဲ့ မောင်လေးရယ်
မောင်လေးရဲ့ငိုရှိုက်သံဟာ
မမရင်ကိုထိခိုက်စေလို့ ပါကွယ်
တင်းထားတဲ့အားတွေ
ကျိတ်ထားတဲ့အံတွေ
တားဆီးထားတဲ့မျက်ရည်တွေ
တာလိုကျိုးလာအောင်
ငိုသံတွေကိုမပျိုးပါနဲ့ လားမောင်လေးရယ်
မောင်လေးဘေးမှာ မမရှိပါတယ်
မောင် လေး ဘေး မှာ
မ မ ရှိ နေ ပါ တယ် ကွယ် ....။
(ပုံလေးကိုခံစားရေးဖွဲ့ ပါတယ်ရှင်)
ချစ်ခင်လေးစားလျှက်
ဆုဂျေ
မငိုပါနဲ့ မောင်လေးရယ်
မောင်လေးဘေးမှာ မမရှိပါတယ်
ဗိုက်ဆာနေလို့ ငိုနေတာလားမောင်လေးရယ်
မုန့် စားကျောင်းဆင်းရင်
ဆရာမဆီကမုန့် တောင်းကျွေးပါ့မယ်
မျက်ရည်တွေမကျပါနဲ့ လားမောင်လေးရယ်
မောင်လေးငိုတော့
မမလည်းငိုချင်တယ်ကွယ်..။
အို အေ အေ အို
အငိုရယ်တိတ်ပါတော့လားကွယ်
မမစာတွေကျက်ရဦးမယ်
မမစာတွေတွက်ရဦးမယ်
စာမပြီးရင်ဆရာမကရိုက်လိမ့်မယ်..။
မငိုပါနဲ့ မောင်လေးရယ်
အိပ်ပါတော့ကွယ်
အိပ်ယာကနိုးရင်
မမကွန်းပိုးလို့ ဆော့ကစားပေးပါ့မယ်
မမစာတွေလုပ်ရဦးမယ်မောင်လေးရယ်
မမပညာတတ်ကြီးဖြစ်ချင်တယ်ကွယ်
ပညာတတ်မှ မမတို့ လူရာဝင်မယ်
လူရာဝင်မှ လူရာသွင်းခံရမယ်
လူရာသွင်းခံရမှ လူပီသနိုင်မယ်
လူပီသနိုင်မှ လူသားတာဝန်ကျေပွန်နိုင်မယ်ကွဲ့ ..။
မငိုပါနဲ့ မောင်လေးရယ်
အငိုနဲ့ စပြီးအငိုနဲ့ အဆုံးသတ်တဲ့ဘ၀ခရီးမှာ
အပူမီးတွေကိုအပြုံးမပျက်ဘဲ
ငြိမ်းသတ်နိုင်ရမယ်ကွဲ့ 
နေတတ်ရင်ကျေနပ်စရာပါမောင်လေးရယ်
ဘာအားငယ်စရာလိုလဲကွဲ့ 
အမှိုက်ပုံထဲစွန့် ပစ်ခံရတဲ့ကလေးတွေထက်စာရင်
မောင်လေးအများကြီးကံကောင်းပါတယ်ကွယ်
မောင်လေးဘေးမှာ မမရှိနေသေးတယ်..။
မငိုပါနဲ့ မောင်လေးရယ်
မောင်လေးရဲ့ငိုရှိုက်သံဟာ
မမရင်ကိုထိခိုက်စေလို့ ပါကွယ်
တင်းထားတဲ့အားတွေ
ကျိတ်ထားတဲ့အံတွေ
တားဆီးထားတဲ့မျက်ရည်တွေ
တာလိုကျိုးလာအောင်
ငိုသံတွေကိုမပျိုးပါနဲ့ လားမောင်လေးရယ်
မောင်လေးဘေးမှာ မမရှိပါတယ်
မောင် လေး ဘေး မှာ
မ မ ရှိ နေ ပါ တယ် ကွယ် ....။
(ပုံလေးကိုခံစားရေးဖွဲ့ ပါတယ်ရှင်)
ချစ်ခင်လေးစားလျှက်
ဆုဂျေ

Subscribe to:
Post Comments (Atom)
Popular Posts
-
(တကယ်ဆိုရင်.... ...အချစ်ပဲလိုတယ်) ညအချိန်ရောက်ရင် ငွေလမင်းရဲ့ ပတ်ပတ်လည်မှာ ကြယ်စင်လေးတွေ ခစားကြသလို ...
-
(----------အထီးကျန်-----------) မင်းအကြောင်း...............ခေါင်းထဲထည့်ပြီး တခဏမှ...
-
(မျက်ရည်ငိုသောမိုး) ပြာရီမှုန်ဖျန်း................ ဝေဟင်နန်းဝယ် လျှပ်ပန်းယှက်ဖြာ ............မိုးမာလာသည် ...
-
ကြယ်ကြွေပုံပြင် ~~~~~~~~~ လင်းလက်ခွင့်မရှိတော့တဲ့ ကောင်းကင်ထက်ကကြယ်တစ်ပွင့်လို နက္ခတ်မှားခဲ့ ငါ့နှလုံးသားလည်း မရုန်းထွက်နိုင်တဲ့...
-
ရှစ်ဆယ်စု နှစ်များ၏ တစ်နေ့။ နေရာက အင်္ဂလန် နိုင်ငံ ဟက်ဒင်တန် ရွာကလေး။ ထိုရွာ ကလေးမှာ ရတနာ နတ်မယ်နှင့် ကျွန်တော် တွေ့ဆုံ မိကြမယ်၊...
-
>>>My Endless Love>> I loved you the moment I saw your precious face. You took hold of my heat; made it your own sp...
-
Valentine's Day ရောက်လာတော့မယ်ဆိုတော့ ကျွန်တော် စိတ်ကူးတစ်ခုပေါ်လာတယ်..။ ဒါကတော့ လူတွေ ပါးစပ်ဖျားမှာတော့ " . . ချစ်သ...
-
မွေးရပ်မြေရဲ့ အကြောင်း
!-kp3နည်းပညာ-http:>
My Blog List
Categories
- coolest love musics (1)
- coolest love pomes (2)
- flash song (1)
- ကဗျာကဏ္ဍ (31)
- စာအုပ်စင် (1)
- ရသ/ဝတ္ထု (3)
- ဆောင်းပါကဏ္ဍ (2)
Powered by Blogger.
0 comments:
Post a Comment