Tuesday, 30 April 2013
Valentine's Day ဖြစ်ပေါ်လာပုံ
Valentine's Day ရောက်လာတော့မယ်ဆိုတော့ ကျွန်တော် စိတ်ကူးတစ်ခုပေါ်လာတယ်..။
ဒါကတော့ လူတွေ ပါးစပ်ဖျားမှာတော့
" . . ချစ်သူများနေ၊ ချစ်သူများနေ့ . . "
လို့ မရိုးနိုင်အောင်ပြောနေ ကြပေမယ့် ချစ်သူများနေ့ဘယ်လိုပေါ်ပေါက်လာ သလဲဆိုတဲ့သမိုင်းကို မသိကြသေးတဲ့သူတွေ တော်တော်များများ ရှိကြဦးမယ်ထင်ပါတယ်..။
ဒါကြောင့်ပဲ ကျွန်တော် သိသလောက် ၊ဖတ်မိသလောက် ပြောပြချင်ပါတယ်...
သိပြီးသား ဖြစ်တဲ့ သူများကလည်း သိထားတာလေးတွေရှိရင် ဝေဖန်ခဲ့ပါဦး။

ချစ်သူများနေ့ပေါ်ပေါက်လာပုံ
အေဒီ (၃)ရာစု လောက်မှာ အုပ်ချုပ်ခဲ့တဲ့ ရိုမန် စစ်ဘုရင် Claudius ဟာ စစ်အင်အားတွေစုဆောင်း၊ နယ်မြေသစ်တွေတိုးချဲ့ ရင်း ပါဝါ ကြီးစိုးခဲ့တယ်။ သူ့လက်ထက်မှာ Britain နိုင်ငံဟာ ရောမအင်ပါယာ အောက် ရောက်အောင် စွမ်းဆောင်နိုင်ခဲ့တယ်။ Claudius ဟာအမြဲတမ်း နယ်ချဲ့ရင်း စစ်ပွဲကိုပဲ ဦးစားပေးဆင်နွှဲနေတော့ နိုင်ငံထဲမှာရှိတဲ့ယောကျာ်းတွေဟာ စစ်ထဲ မဝင် ချင်ကြတော့ ဘူး။ စစ်မတိုက်ချင်ကြတော့ဘူး။ ဇနီးမယား တွေ၊ သားသမီးတွေ၊ မိသားစုတွေ၊ ဆွေမျိုးတွေနဲ့ပဲ နေချင်ခဲ့ကြတယ်..။

ပြင်းထန်တဲ့တိုက်ပွဲတစ်ခုမှာတော့ ရောမစစ်သည်တွေ အသေအပျောက်များခဲ့တယ်။ ဒါကြောင့် စစ်သားသစ်တွေလိုလာတယ်။ စစ်သည်အင် အားကို လည်း ပိုမိုတောင့်တင်းခိုင်မာအောင် လုပ်ချင်တယ်။ ဒါပေမယ့် ယောကျာ်းသားတွေကလဲ စစ်ထဲကိုမဝင်လိုကြတော့ အခက်တွေ့နေတယ်။
Claudius ဟာစဉ်းစားတယ်

ယောကျာ်းတွေဟာ မိသားစုသံယောဇဉ်တွေကြောင့် စစ်ထဲမဝင်ချင်ကြတာပဲ သူတို့သာ အိမ်ထောင်မပြုကြရင် စစ်ထဲဝင်ကြမှာပဲလို့ မိုက်မိုက်မဲမဲတွေးမိတယ်။ ဒါကြောင့်ပဲ နိုင်ငံတစ်ဝန်း မှာရှိတဲ့ လူငယ်တွေ အားလုံး အိမ်ထောင်မပြုရလို့အမိန့်ထုတ်လိုက်တယ်။ လူငယ်တွေ အတွက် ရက်စက်ပြီး အဓိပ္ပါယ်မရှိတဲ့ အမိန့်ပေါ့။

ထိုဥပဒေကို ဆန့်ကျင့်တဲ့ ခရစ်ယာန် ဘုန်တော်ကြီး တစ်ပါးပေါ်လာတယ်။ သူ့နာမည်က
Saint Valentine လိုခေါ်ပြီး လက်ထပ်ပွဲတွေကို စီရင်ကျင်းပပေးတဲ့ သူတော်စင် ဘုးန်ကြီးပေါ့..။
သူဟာတင်းကြပ်တဲ့ ဥပဒေ တွေတားမြစ်ထားတဲ့ကြားမှ လက်ထက်ပွဲတွေကို သိုးသိုးသိပ်သိပ် စီစဉ်ကျင်းပပေးခဲ့တယ်။ သူ့ရဲ့ သီးသန့် အခန်းကျဉ်းလေးထဲမှာ ဖယောင်းတိုင်လေးထွန်းပြီး မင်္ဂလာပွဲကို သူရယ် မင်္ဂလာမောင်နှံရယ် သုံးယောက်သား လျှို့ဝှက် ကျင်းပကြတယ်..။
တစ်ညမှာတော့ သတင်းပေါက်ကြားပြီး မင်္ဂလာ ကျင်းပတဲ့အခန်းလေးထဲ ဝင်ရောက်ဖမ်းဆီးကြတယ်။ မင်္ဂလာမောင်နှံ လွတ်မြောက်သွားသော်လည်း St. Valentine ကတော့ ဖမ်းဆီးခြင်းခံရပြီး သေဒဏ်ချမှတ် လိုက်ကြတယ်။

သူဝမ်းမြှောက်သွားတာ တစ်ခုရှိတယ်။ သူထောင်ထဲမှာရှိနေစဉ် ရောမမှာ ရှိတဲ့ လူငယ်တွေဟာ ထောင်ထဲကို လာတွေ့ကြတယ်။ ပြတင်းပေါက်မှာ ပန်းတွေ ကြဲကြ၊ မှတ်စုလေးတွေရေးကြ တယ်။ ပြီးတော့ သူလုပ်ခဲ့တာမှန်ကန်ကြောင်း၊ သူတို့လေးတွေလည်းအချစ်ကို ယုံကြည်ကြကြောင်း အားပေးထောက်ခံကြတယ်။ အဲ့ဒီ့ထဲမှာ ထောင်မှုးကြီးသမီးလေးလဲပါတာပေါ့..။ ထောင်မှုးကြီး က ခွင့်ပြုတာကြောင့် သူ့ရဲ့ အခန်းထဲမှာ လာတွေ့တယ် စကားတွေ အများကြီးပြောတယ်။ အားပေးစကားတွေပြောတယ်။ သူသေရမယ့်နေ့မှာတော့ သူမရဲ့ ခင်မင်မှု၊ သစ္စာရှိမှု၊ အားပေးမှု တွေကို ကျေးဇူးတင်တဲ့အနေနဲ့
"Love from your Valentine"
ဆိုတဲ့ မှတ်စုတိုလေး တစ်စောင် ထိုမိန်းကလေးတွက်ရေးထားခဲ့တယ်..။
အေဒီ (၂၆၉) ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ သူကွယ်လွန်သွားခဲ့တယ် အဲ့ဒီနောက်မှာ တော့ St. Valentine ကို လေးစားဂုဏ်ပြုသောအားဖြင့်
"" Valentine's Day ""
ဆိုတာ ပေါ်ပေါက်လာခဲ့တယ်။

(American အဖွဲ့တစ်ခုရဲ့ခန့်မှန်းချက်အရတစ်ကမ္ဘာလုံးမှာ တစ်နှစ်ကို သန်းတစ်ထောင်သော Valentines တွေပို့ကြတယ်..။ Christmas လက်ဆောင်ပြီးရင်တော့ ဒုတိယအများဆုံးပေါ့..။ အဲဒီ့ထဲမှာ အမျိုးသမီးတွေက ဝယ်ကြတာ ၈၄ ရာခိုင်နှုန်းလောက်ပါတဲ့...။)
' 'ချစ်တတ်သူတိုင်း ပျော်ရွှင်ကြပါစေ ' '

Subscribe to:
Post Comments (Atom)
Popular Posts
-
(တကယ်ဆိုရင်.... ...အချစ်ပဲလိုတယ်) ညအချိန်ရောက်ရင် ငွေလမင်းရဲ့ ပတ်ပတ်လည်မှာ ကြယ်စင်လေးတွေ ခစားကြသလို ...
-
ရှစ်ဆယ်စု နှစ်များ၏ တစ်နေ့။ နေရာက အင်္ဂလန် နိုင်ငံ ဟက်ဒင်တန် ရွာကလေး။ ထိုရွာ ကလေးမှာ ရတနာ နတ်မယ်နှင့် ကျွန်တော် တွေ့ဆုံ မိကြမယ်၊...
-
Valentine's Day ရောက်လာတော့မယ်ဆိုတော့ ကျွန်တော် စိတ်ကူးတစ်ခုပေါ်လာတယ်..။ ဒါကတော့ လူတွေ ပါးစပ်ဖျားမှာတော့ " . . ချစ်သ...
-
(မျက်ရည်ငိုသောမိုး) ပြာရီမှုန်ဖျန်း................ ဝေဟင်နန်းဝယ် လျှပ်ပန်းယှက်ဖြာ ............မိုးမာလာသည် ...
-
I miss you The hours seem like days The days seem like weeks The weeks seem like years Not talking to you, Has brought me so many t...
-
ကြယ်ကြွေပုံပြင် ~~~~~~~~~ လင်းလက်ခွင့်မရှိတော့တဲ့ ကောင်းကင်ထက်ကကြယ်တစ်ပွင့်လို နက္ခတ်မှားခဲ့ ငါ့နှလုံးသားလည်း မရုန်းထွက်နိုင်တဲ့...
-
ဖောက်ပြန်နေတဲ့ ချစ်သူ မုန်းလို့မရ ပြုံးပြဖို့လဲ ခက်လှတယ် ။ တအုန်းအုန်းထနေတဲ့ အချစ်သစ်တွေနဲ့ ပျော်ပြီးရင်း ပျော်ပါစေတော့ တားမရလဲ ထားရစ်ပါရ...
!-kp3နည်းပညာ-http:>
My Blog List
Categories
- coolest love musics (1)
- coolest love pomes (2)
- flash song (1)
- ကဗျာကဏ္ဍ (31)
- စာအုပ်စင် (1)
- ရသ/ဝတ္ထု (3)
- ဆောင်းပါကဏ္ဍ (2)
Powered by Blogger.







0 comments:
Post a Comment