Thursday, 30 May 2013
♥ ချစ်ခြင်း မေတ္တာ ♥
♥ ချစ်ခြင်း မေတ္တာ ♥
တစ်ခါတုန်းက မျက်စိမမြင်တဲ့ကောင်မလေး တစ်ယောက်ရှိတယ်။
မွေးရာပါမျက်စိမမြင်တာမဟုတ်ဘဲအက်စီးဒန့်တစ်ခုကြောင့်
မျက်စိကွယ်သွားရတာပေါ့ သူမမျက်စိမမြင် တဲ့အချိန် မှာ
သူမအနားမှာ သူမကိုဖေးမကူညီပေးမယ့် သူတစ်ယောက်မှာ
မရှိရှာခဲ့ဘူး။
တစ်နေ့မှာတော့ သူမရဲ့ဘဝထဲကို ကောင်လေးတစ်ယောက် ဝင်ရောက်လာခဲ့တယ်။ အဲဒီကောင်လေးကို သူမ မမြင်ဖူးပေမယ့်
သူမရင်ထဲမှာ သူ့ကိုချစ်မိသွားတယ်။
အဲဒါနဲ့ သူမကပြောတယ် ကောင်လေးကို ''ငါတစ်နေ့ မျက်စိပြန်မြင်ခဲ့ရင် အမြင်ချင်ဆုံးက နင်ပဲနောက်ပြီး ငါနင့်ကိုလက်ထပ်မယ်''ကောင်မလေး
စကားကိုကြားတော့ ကောင်လေးအရမ်းပျော်သွားတာပေါ့
အဲလိုနဲ့ တစ်နေ့မှာ ကောင်မလေးကို မျက်ကြည်လွှာလှူမယ့် အလှူရှင်ပေါ်လာတယ်။ဆေးရုံမှာ နှစ်ပတ်ခွဲစိတ်ကုသခံလိုက်တဲ့
အချိန်မှာ ကောင်မလေး မျက်စိပြန်မြင်သွားတာပေါ့။
ကောင်မလေး မျက်စိနှစ်လုံး အလင်းပြန်ရသွားတဲ့အချိန်မှာပဲ
ကောင်လေးဆီကိုရောက်သွားတယ်။ ဒါပေမယ့် မထင်မှတ်ထားတဲ့မြင်ကွင်းတစ်ခုက
သူ့ကိုဆောင့်ကြို နေတယ်။
အဲဒါကတော့ ကောင်လေးကလဲ သူ့လိုပဲ
မျက်စိမမြင်တဲ့သူ ဖြစ်နေလို့ပဲ။ ကောင်မလေးသူ့ဆီလာမှန်းလဲ သိရော
ကောင်လေးကပြောတယ် '' နင်အခု မျက်စိနှစ်လုံး အလင်းပြန်ရသွားပြီနော်
ငါ့ကိုလက်ထပ်နိုင်မလား ''ဒါပေမယိ့ ကောင်မလေးက ကောင်လေးကိုပြောတယ်
''အရင်တုန်းက ပြောခဲ့တာတွေ မေ့လိုကိပါတော့ ငါအခုနင့်လို
မျက်မမြင်တစ်ယောက်ကို မချစ်နိုင်တော့ဘူး '' အဲလိုပြောပြီး
သူမလှည့်ထွက်လာခဲ့တယ် ။
ကောင်လေး သူ့နောက်ကို ပြေးလိုက်လာတာ
သူမသိဘူး '''ဒုန်း''' ဆိုတဲ့အသံကြားမှ သူမ လှည်ကြည့်လိုက်တယ်။
သွေးအလူးလူးနဲ့ အသက်မဲနေတယ့် ကောင်လေးကိုတွေ့လိုက်ရတယ်။ သူမနောက်ကို
မမြင်မစမ်းနဲ့ပြေးလိုက်ရင်း ကောင်လေးခမျာ ကားတိုက်ခံလိုက်ရတယ်။
တစ်ဆက်တည်းမှာပဲ ကောင်လေးရဲ့လက်မှာ သွေးတွေပေကျံနေတဲ့ ဒိုင်ယာရီစာအုပ်တစ်အုပ်ကိုတွေ့လိုက်ရတယ်.အဲဒီစာအုပ်လေးကို
ကောင်မလေး ဖွင့်ဖတ်လိုက်တဲ့ အချိန်မှာပဲ ...........
.စာအုပ်ထဲမှာ '''ဟိတ် ကောင်မလေး နင့်အတွက် ငါလုပ်ပေးနိုင်တာလေး
တစ်ခုကိုလုပ်ပေးခဲ့မယ်နော် နင်အလင်းပြန်ရဖို့ ငါ့မျက်ကြည်လွှာကို
နင့်အတွက်လှူပေးခဲ့မယ် ငါဘက်ကနင့်ကို ပေးဆပ်နိုင်တာ ဒီတစ်ခုပဲရှိတယ်လေ
နင်အခုလိုဖြစ်နေတာကို ငါမကြည့်ရက်ဘူး ငါကမျက်စိမမြင်ရလဲ အရေးမကြီးပါဘူးဟာ
နင့်နားမှာရှိနေရနေရင်ကိုပဲ ငါ့အတွက်အရာရာ ပြည့်စုံသွားပြီ ဒါပေမယ့်
နင်အလင်းပြန်ရင် ငါလို ဒုတ်ခိတတစ်ယောက်ကို နင်လက်ခံနိုင်ပါ့မလား...နငိလက်မ ခံလဲ ရပါတယ်ဟာ နင်ပျော်ရွှင်နေမယ်ဆိုရင် ငါကပေးဆပ်ရကျိုးနပ်ပါတယ်
ဘာလို့လဲဆိုရင် ငါကနင့်ကို အရမ်းချစ်လို့ပေါ့ ကောင်မလေးရယ် ''
*လောကမှာ ကိုယ့်အပေါ် ချစ်ခြင်းမေတ္တာတရား ကြီးမားတဲ့သူကို
ဆုံးရှုံးတာထက် ပိုတဲ့ဆုံးရှုံးမှုမျိုးမရှိပါဘူး...ပစ္စည်းဥစ္စာ ဆုံးရှုံးရင်
ပြန်ရှာဖွေလို့ရတယ် မေတ္တာတရားဆုံးရှုံးသွားရင်တော့ ဘာနဲ့မှ
ပြန်ပြီး အစားထိုးလို့မရနိုင်ပါဘူး*
♦ MC Zin Jay Shin ♦
Subscribe to:
Post Comments (Atom)
Blog Archive
Popular Posts
-
I miss you The hours seem like days The days seem like weeks The weeks seem like years Not talking to you, Has brought me so many t...
-
ဖောက်ပြန်နေတဲ့ ချစ်သူ မုန်းလို့မရ ပြုံးပြဖို့လဲ ခက်လှတယ် ။ တအုန်းအုန်းထနေတဲ့ အချစ်သစ်တွေနဲ့ ပျော်ပြီးရင်း ပျော်ပါစေတော့ တားမရလဲ ထားရစ်ပါရ...
-
Valentine's Day ရောက်လာတော့မယ်ဆိုတော့ ကျွန်တော် စိတ်ကူးတစ်ခုပေါ်လာတယ်..။ ဒါကတော့ လူတွေ ပါးစပ်ဖျားမှာတော့ " . . ချစ်သ...
-
ုနှလုံးသားက ချစ်ခဲ့တာကို အပြစ်မမြင်ပါဘူး တကယ်ပါဟာ အလိမ္မာသမီးလေးဖြစ်ဖို့ နှလုံးသားကို ချနင်းခဲ့ပေမယ့် အရှုံးသမား တစ်ယောက်ပါ အလွမ်းပင်ရဲ့ ပင်...
-
တစ်သက်မက အမှတ်တရမို့ သတိရတဲ့အခါ အနားမှာနင်မရှိ ကြည့်သမျှကိုမမြင် ကြားသမျှမှုန်ဝါး ကြားသမျှတွေက ငါ့နားဝမှာခါးသလိုလို ပျား...
!-kp3နည်းပညာ-http:>
My Blog List
Categories
- coolest love musics (1)
- coolest love pomes (2)
- flash song (1)
- ကဗျာကဏ္ဍ (31)
- စာအုပ်စင် (1)
- ရသ/ဝတ္ထု (3)
- ဆောင်းပါကဏ္ဍ (2)
Powered by Blogger.






0 comments:
Post a Comment