Thursday, 17 January 2013
ရိုးရှင်းသော အချစ်
ရေးသားသူ= ရှင်သန်
တစ်မိစီ ဖွား
တစ်နယ်စီ နေ
တစ်မြေစီ ခြားနေပေမယ့်
သန့်ရှင်းကြည်လင် ချစ်ခင်မှုကတော့
အရောင်မစွက် အဖြူထည်သက်သက်ပါပဲ ကွယ်.။
ဘေးလူတွေ ဘယ်လိုထင်
အမြင်ကြည်စွာ ရှိသည်မို့
ကဲ့ရဲ့မှာ စိုးကြောက်စိတ်
ရိုဖိတ်မထွက်ကြသည်မှာ
အရိုးခံ နှစ်ကိုယ်တူ ချစ်စိတ်က
ပြတ်သားစွာ သိနေကြဆဲပါ..။
တစ်စိမ်းတွေတိုင်း ဖြစ်လေ့ရှိ
ကိလေရောတဲ့ အချစ်ညစ်
အမှန်စင်စစ် မဖြစ်လို
အပင်ပျို သစ်ခက်ကြား
ဖက်တွယ်ကာ နေရှာသည့်
ငှက်မောင်နှံ အိမ်ငယ်မှ
တူယှဉ်ကာ မွေးဖွားငြား
ငှက်ငယ်လေးများ အချစ်ပမာ..
နှစ်သက်တာ ထိုအချစ်မျိုး
ရိုးရိုးလေးပါ။
Subscribe to:
Post Comments (Atom)
Popular Posts
-
Valentine's Day ရောက်လာတော့မယ်ဆိုတော့ ကျွန်တော် စိတ်ကူးတစ်ခုပေါ်လာတယ်..။ ဒါကတော့ လူတွေ ပါးစပ်ဖျားမှာတော့ " . . ချစ်သ...
-
ရှစ်ဆယ်စု နှစ်များ၏ တစ်နေ့။ နေရာက အင်္ဂလန် နိုင်ငံ ဟက်ဒင်တန် ရွာကလေး။ ထိုရွာ ကလေးမှာ ရတနာ နတ်မယ်နှင့် ကျွန်တော် တွေ့ဆုံ မိကြမယ်၊...
-
(တကယ်ဆိုရင်.... ...အချစ်ပဲလိုတယ်) ညအချိန်ရောက်ရင် ငွေလမင်းရဲ့ ပတ်ပတ်လည်မှာ ကြယ်စင်လေးတွေ ခစားကြသလို ...
-
I miss you The hours seem like days The days seem like weeks The weeks seem like years Not talking to you, Has brought me so many t...
-
ဖောက်ပြန်နေတဲ့ ချစ်သူ မုန်းလို့မရ ပြုံးပြဖို့လဲ ခက်လှတယ် ။ တအုန်းအုန်းထနေတဲ့ အချစ်သစ်တွေနဲ့ ပျော်ပြီးရင်း ပျော်ပါစေတော့ တားမရလဲ ထားရစ်ပါရ...
-
(မျက်ရည်ငိုသောမိုး) ပြာရီမှုန်ဖျန်း................ ဝေဟင်နန်းဝယ် လျှပ်ပန်းယှက်ဖြာ ............မိုးမာလာသည် ...
!-kp3နည်းပညာ-http:>
My Blog List
Categories
- coolest love musics (1)
- coolest love pomes (2)
- flash song (1)
- ကဗျာကဏ္ဍ (31)
- စာအုပ်စင် (1)
- ရသ/ဝတ္ထု (3)
- ဆောင်းပါကဏ္ဍ (2)
Powered by Blogger.






0 comments:
Post a Comment